ဝိုင်းမော်၊ ဇွန် ၁၄
ဝိုင်းမော်မြို့နယ်တွင် ယခုနှစ် ပထမ (၆)လပတ် အတွင်း တရားမဝင် တရုတ်နိုင်ငံခြားသား ၅၈ ဦး ဖမ်းဆီးအရေးယူခဲ့ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက)ရုံးမှ သိရသည်။
ယင်း ဖမ်းဆီးအရေးယူသော တရုတ်နိုင်ငံသား အများစုမှာ မြန်မာနိုင်ငံတွင်းနေထိုင်စဉ် ဗီဇာစည်းကမ်း ဖောက်ဖျက်မှုကြောင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ လဝက ဘက်ကတော့ အတတ်နိုင်ဆုံး ဖမ်းဆီးအရေးယူမှုတွေပြုလုပ်နေပါတယ်”ဟု ဝိုင်းမော်မြို့နယ်လဝကရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဖမ်းဆီးထားသော တရုတ်လူမျိုးများကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဌာနမှ ခွင့်ပြုချက်ဖြင့် ဒဏ်ငွေချမှတ်သည့် အရေးယူမှုများပြုလုပ်ပြီး ပြည်နှင်ဒဏ်ဖြင့် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
တရုတ် လူမျိုးအများစုသည် တရုတ်တစ်သျှူး ငှက်ပျော လုပ်ကိုင်သူများနှင့် ဈေးသည်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ ဖြစ်ကြောင်းသိရသည်။
ယခုလက်ရှိ အချိန်တွင် သစ်တော ကြိုးဝိုင်းအတွင်း ကျူးကျော်ကာ တစ်သျှူးငှက်ပျော လုပ်ကိုင်မှုနှင့် သက်တမ်းကုန် နေထိုင်မှုကြောင့် တရုတ်လူမျိုး ၁၂ ဦးကို ဝိုင်းမော်မြို့မရဲစခန်းတွင် ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
Ah Je







