ကချင်ပြည်နယ်၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူ ဖမ်းဆီးခံရ

656

ဧပြီ ၁

ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်(၂)က ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို ယနေ့ နေ့လယ် (၁၁) နာရီဝန်းကျင်ခန့်တွင် (စရဖ)က အမျိုးသား(၃)ဦး လာရောက်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူထံမှ သိရသည်။

ဒေါ်ခေါ်မာဝူသည် လီဆူစာ‌ပေယဉ်ကျေးမှုကော်မတီများနှင့် အတူ မြစ်ကြီးနားမြို့၊ ပမ္မတီးလီဆူစာပေယဉ်ကျေးမှုဗဟိုရုံးတွင် အစည်းအဝေးပြုလုပ်နေစဉ် ဖမ်းခံရခြင်းဖြစ်သည်ဟု အစည်အဝေးခန်းမအတွင်းရှိ မျက်မြင်‌ေတွ့ရှိသူ တစ်ဦးကပြောသည်။

“ကျွန်တော်တို့က လီဆူစာပေယဉ်ကျေးမှုကော်မတီရွေးကောက်ပွဲအတွက် စည်းမျဉ်းရေးဆွဲနေတာ (၂) ပတ်လောက်ရှိပြီ ။အဲဒါဒီနေ့ ခန်းမထဲကို ဝင်လာပြီး စရဖ ဟုတ်တယ်ဆိုပြီးမှ ခေါ်သွားပြီ။” ဟုဆိုသည်။

လက်ရှိအချိန်တွင် ဒေါ်ခေါ်မာဝူကိုဆက်သွယ်၍မရရှိသေးပေ။

ဒေါ်ခေါ်မာဝူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆော့လော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here