ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဆိုင်းဘုတ်တင် ဗဟိုရုံးချုပ်ဖွင့်ပွဲကို ယနေ့ နံနက် မြစ်ကြီးနားမြို့ ယုဇန ရပ်ကွက်တွင် ကျင်းပ

1805

ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဆိုင်းဘုတ်တင် ဗဟိုရုံးချုပ်ဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ယုဇန ရပ်ကွက်တွင် ကျင်းပခဲ့သည်။

ပြည်သူ့ပါတီ (KSPP) သည် ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းထားသည့် ပါတီသစ်တစ်ခုဖြစ်ပြီး ယင်းပါတီတွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ၊ ကချင်ဒီမိုကရက်တစ်ပါတီ (KDP) နှင့် စည်းလုံးညီညွှတ်ရေး နှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ) စသည့် ၃ ပါတီတို့က မိခင်ပါတီများက ဖျက်သိမ်းကာ ပေါင်းစည်းထားသည့်ပါတီဖြစ်သည်။
လာမည့် ဇူလိုင်လတွင်လည်း ပါတီသစ်ကြိုဆိုပွဲ ၊ ဆုတောင်းပွဲကို ထပ်မံ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here