ဇွန် ၆
ကချင်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ထပ်မံမတွေ့ရသောကြောင့် ဝိုင်းမော်မြို့ဝင် ကျန်းမာရေး စစ်ဆေးရေးဂိတ်(၂) ဂိတ်ပိတ်သိမ်းလိုက်ပြီး၊ တိုးဂိတ်တစ်ခုတည်းတွင်သာ အဝင်အထွက် စစ်ဆေးမှုများ ပြုလုပ်သွားတော့မည် ဖြစ်ကြောင်း သိရသည်။
ပိတ်သိမ်းလိုက်သည့် ကျန်းမာရေး စစ်ဆေးရေးဂိတ်များမှာ တရုတ်ပြည်နယ်စပ် ကန်ပိုက်တည် မြို့ဖက်မှလာသည့် ဝါရှောင်စစ်ဆေးရေးဂိတ်နှင့် ဗန်းမော်ဖက်မှလာသည့် မုတ်လွဲဂိတ်များဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းက ပြောသည်။
“အတိုင်းတာတစ်ခု ထိလည်း ထိန်းချူပ်ထားနိုင်ပြီ။ဂိတ်ကို ဝါရှောင်မှာလည်း မထားတော့ဘူး။ မုတ်လွှဲမှာလည်း မထားတော့ဘူး။ ဗလမင်းတံတား တိုးဂိတ်မှာပဲ အဝင်အထွက် အကုန်စစ်ဆေးတော့မယ် လို့” ဟု ဦးထွန်းထွန်းက ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားချိန် ကာလအတွင်း ဝိုင်းမော်မြို့နယ်တွင် ကျန်းမာရေး စစ်ဆေးရေးဂိတ်(၃)ခုနှင့် ကျန်းမာရေး စစ်ဆေးသော လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပြီး၊ ယခုအချိန်မှစပြီး ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးတွင်ရှိသော ဗလမင်းထင်တိုးဂိတ်တွင်သာ ကျန်းမာရေးစိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
Ah Je







