ဂျပန် – မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ် ကျောင်းဆောင်သစ်လွှဲပြောင်းလက်ခံ

1603

မြစ်ကြီးနား၊ ဇွန် ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဂျပန်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းသော နှစ်ထပ်ကျောင်းဆောင်သစ်ကို ယနေ့နံနက်က ဖွင့်လှစ်ခဲ့သည်။


ဂျပန် – မြန်မာ ချစ်ကြည်ရေးအဖြစ် ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆိုပါကျောင်းဆောင်သည် စာသင်ခန်းပေါင်း လေးခန်းစီပါဝင်သည့် RC အမျိုးအစားနှစ်ထပ်ကျောင်းဆောင်ဖြစ်ကာ စာရေးထိုင်ခုံ၊ လျှပ်စစ်မီးများအပါအဝင် ကျပ်သိန်းပေါင်း သုံးသောင်းကျော်ခန့် ကုန်ကျခဲ့ကြောင်း ကျောင်းဆောင် တည်ဆောက်ရေးဥက္ကဋ္ဌ၊ အထက်တန်းပြ(ငြိမ်း) ဦးဇော်ရာထံမှသိရသည်။

လွှဲပြောင်းခြင်းအခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ) ဦးမင်းဦးနှင့် မြို့နယ်ပညာရေးမှူးများ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှ တတိယအတွင်းဝန် Ms. အာနိုဆူဇူကီတို့တက်ရောက်ခဲ့သည်။

ထိုချစ်ကြည်ရေးကျောင်းဆောင်ကို ၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုစာသင်နှစ်အတွက် မြစ်ကြီးနားမြို့ ရွှေစက်အထက်တန်းကျောင်းတွင်လည်း ဆောင်လုပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

ထိုအပြင် ကချင်ပြည်နယ်အတွင်းရှိအခြားမြို့နယ်များတွင်လည်း ဂျပန်နိုင်ငံမှ လှူဒါန်းထားသည့် ကျောင်းဆောင်များ ဆောက်လုပ်နေကြောင်းသိရသည်။
အဆိုပါနှစ်ထပ်ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းကို
မြစ်ကြီးနားမြို့နယ် ပညာရေးမှူး ဦးမြင့်ဦးကလွှဲပြောင်းလက်ခံခဲ့သည်။

ဆိုင်း (ကချင်မြေ )

LEAVE A REPLY

Please enter your comment!
Please enter your name here