ဧပြီ ၁၃
ဒီမိုကရေစီလမ်းစဉ်အတိုင်း စစ်တပ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြတော်လှန်နေသော မြန်မာစာရေးဆရာများနှင့် ပြည်သူအားလုံးပါဝင်သော CDM လှုပ်ရှားမှုကို တက်ကြွစွာထောက်ခံကြောင်း ကိုရီးယားစာရေးဆရာများက ကြေငြာသည်။
လက်နက်မဲ့ပြည်သူများကိုညှာတာမှု မရှိဘဲပစ်ခတ်ခဲ့သည့်မြန်မာအာဏာသိမ်းစစ်တပ်အင်အားစုများအားပြင်းထန်စွာရှုတ်ချပြီး ပြည်သူလူထုအားရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်မှုအဆုံးသတ်ရေးနှင့်အာဏာများအားလုံးကို CRPH (ပြည်ထောင်စုကိုယ်စားပြုလွှတ်တော်ကော်မတီ) သို့ငြိမ်းချမ်းစွာလွှဲပြောင်းခြင်းနှင့်အထွေထွေရွေးကောက်ပွဲရလဒ်အတိုင်း အများပြည်သူ၏ဆန္ဒကိုလေးစားခြင်းနှင့်အမြန်ဆုံးမူလအနေအထားသို့ပြန်သွားရန် တောင်းဆိုထားသည်။
ကိုရီးယားအစိုးရအားစစ်တပ်၏အာဏာကိုအခိုင်အမာငြင်းပယ်ရန်နှင့်နောက်ဆုံးတရားဝင်ရွေးကောက်ပွဲတွင်ရွေးကောက်တင်မြှောက်ခံခဲ့ရသည့်နိုင်ငံရေးခေါင်းဆောင်များဖြင့်ဖွဲ့စည်းထားသည့် CRPH အားအသိအမှတ်ပြုရန် တိုက်တွန်းလိုကြောင်း ပါဝင်သည်။
ဒီမိုကရေစီအတွက်ရုန်းကန်နေရသောမြန်မာပြည်သူလူထု၏မျှော်လင့်ချက်များကိုထောက်ခံပြီး၊ မြန်မာနိုင်ငံ၏ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြောင်း ဆိုထားသည်။







