ဧပြီ၊၁၃
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပိုင်း ခင်ဒူယန်ရွာအနီးတွင် ယနေ့ ဧပြီလ (၁၃) ရက်နေ့ နံနက် (၁၁)နာရီချိန်ခန့်က စစ်ကောင်စီတပ်နှင့် KIA တပ်မဟာ (၁)တပ်ရင်း (၇) မှ ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
KIA တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့အား အသင့်စောင့်ကြိုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။
” ရွာနဲ့က နည်းနည်းဝေးတဲ့ နေရာမှာဖြစ်တာ။ နေ့လယ်လောက်ကနေ အသံတွေအကြာကြီး ကြားနေရတာ ညနေဘက်မှာတော့ ပြန်ငြိမ်သွားပြီ။သွားလာတဲ့သူတွေကလည်း ပြန်ခေါက်ခဲ့ကြတယ်” ဟု ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
ယနေ့ မနက် (၁၁) နာရီချိန်ခန့်က စတင် ဖြစ်ပွားခဲ့သည့် ယင်း တိုက်ပွဲသည် (၄)နာရီကျော်ခန့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖက်က သေဆုံးသူများလည်းရှိနိုင်ကြောင်း ဒေသခံရွာသားများက သုံးသပ်ကြသည်။
#ပုံဟောင်းအသုံးပြုထားခြင်းဖြစ်ပါသည်







