တပ်မတော်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်းသည် မိမိတစ်ဦးတည်းဆန္ဒသာဖြစ်ကြောင်း တရားလို ဒု ဗိုလ်မှူးကြီးထွက်ဆို

1919
ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး
ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦး

မြစ်ကြီးနား၊ မေ ၂၉

ဆန္ဒပြဦးဆောင်သူ သုံးဦးအား မြန်မာ့တပ်မတော်က တရားစွဲဆိုခြင်းမဟုတ်ဘဲ မိမိတစ်ဦးတည်း အနေ ဖြင့် မကျေနပ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ကိုလွမ်းဇောင်းပါသုံးဦးအမှုမှ တရားလို ဒုတိယ ဗိုလ်မှူးကြီး မျိုး မင်းဦးက တရားခွင်တွင် မေလ ၂၈ ရက်က ပြောဆိုခဲ့ကြောင်းသိရသည်။

တပ်မတော်ကိုအသရေဖျက်မှုဖြင့် တရားစွဲဆိုခံထားရသည် ကိုလွမ်းဇောင်းပါသုံးဦးအမှုကို မြစ်ကြီး နားမြို့နယ်တရားရုံး၌ တတိယအကြိမ်မြောက်ရုံးချိန်းတွင် တရားလို ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးအား စစ်ဆေး ချိန်  ယခုကဲ့သို့ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူကပြောသည်။

 မြစ်ကြီးနားမြို့နယ်တရားရုံး
မေလ၂၈ရက်နေ့က မြစ်ကြီးနားမြို့နယ်တရားရုံး၌ တတိယအကြိမ်မြောက်ရုံးချိန်းအပြီးတွင် တွေ့ရစဉ်

” တပ်မတော်အနေနဲ့ စွဲဆိုတာမဟုတ်ဘူး။ တပ်မတော်သားတစ်ဦးအနေနဲ့ပေါ့နော်၊ တပ်မတော်သား တစ်ဦးဖြစ်တဲ့အတွက် သူက တပ်မတော်ကိုအသရေဖျက်ပြောဆိုတာကို စွဲဆိုခြင်းဖြစ်တယ်လို့ပြောပါတယ်။ အဲဒီ တော့တပ်မတော်ရဲ့ကိုယ်စား တာဝန်ပေးချက်အရ စွဲဆိုတာမဟုတ်ဘူးဆိုတာတော့ ထူးခြားမှုဖြစ်ပါတယ်။ သူ့ အနေနဲ့ တပ်မတော်ကိုအကြည်အညိုပျက်အောင်ပြောတယ်ဆိုပြီး တစ်ဦးတစ်ယောက်ထဲအနေနဲ့ စွဲဆိုတာ ရှိသ လို ထွက်ဆိုတဲ့ထဲမှာလည်း လက်ရှိတိုက်ပွဲအခြေအနေကို သူကိုယ်တိုင်ပါဝင်ခြင်းမရှိဘူး။ မြေပြင်အခြေအနေ တွေကိုတော့ သူသိရှိခြင်းလုံးဝမရှိဘူးဆိုတာ ကျွန်မတို့မေးတဲ့အခါမှာ ဒီလိုပြောပါတယ်။ လက်ရှိစစ်ရှောင် စခန်း တွေလည်းသူမသိဘူးပေါ့နော်။ လက်ရှိအခြေအနေတွေကိုတော့ သူလုံးဝသိရှိခြင်းမရှိဘူး။ ဒါတွေကို သူမသိပါ ဘူးဆိုတာ ဒါက ထူးခြားချက်ဖြစ်တယ်။” ဟု ဒေါ်ဒွဲဘူ ကပြောသည်။

တရားလိုက စွပ်စွဲခံရသူတို့ ပြောဆိုထားသည့် ဗွီဒီယိုမှတ်တမ်းနှင့် ဓာက်ပုံမှတ်တမ်း အထောက်အ ထားများကို သက်သေခံအဖြစ် တရားရုံးသို့ တင်သွင်းခဲ့သည်ဟုလည်းသိရသည်။

ပိတ်မိပြည်သူများလွှတ်မြောက်ရေးအတွက်ဟုဆိုကာ မြစ်ကြီးနားမှဒေသခံများ ဧပြီလ ၃၀ ရက်နေ့တွင် မြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မေလ ၁ ရက်နေ့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောဆိုမှုများကို တပ်မတော် သတင်းယူသည့်အဖွဲ့မှ တင်ပြသည့်အတွက် ယခုကဲ့သို့ စွဲဆိုခြင်းဖြစ်သည်ဟုလည်း တရားစွဲ ဆိုခံ ထားရသူ ကိုဇော်ဂျတ်ကပြောသည်။

“လက်ရှိကတော့ သူ့ကို သတင်းစာရှင်းလင်းပွဲက အခြေအနေကို သူတို့တပ်မတော်က သတင်းယူတဲ့ အဖွဲ့ကနေပြီးတော့ တင်ပြတဲ့အတွက်စွဲဆိုခြင်းဖြစ်ပါတယ်။”ဟု တရားလွှတ်တော်ရှေ့နေ  ဒေါ်ဒွဲဘူ ကဆိုသည်။

ဆန္ဒပြဦးဆောင်သူ ၃ ဦးအနက် ကိုဇော်ဂျတ်နှင့် ဒေါ်နန်ပူကို ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆို ချက်များအရ စွဲဆိုထားခြင်းဖြစ်ပြီး ကိုလွမ်းဇောင်းကိုမှု ဆန္ဒထုတ်ဖော်သည့် အချိန်တွင်ပြောဆိုမှုများအရ စွဲဆို ခြင်းဖြစ်သည်ဟုလည်းသိရသည်။

ကချင်လူငယ်ထု
မေလ ၁ ရက်နေ့က မနောင်ကွင်းတွင် ပိတ်မိပြည်သူများနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသူ ၃ ဦးသတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်

ကိုလွမ်းဇောင်းကို တရားစွဲခြင်းသည် “လေယာဉ်ဖြင့် ပြည်သူများကို ပစ်မှတ်ထား ဗုံးကျဲခြင်း ရပ်၊  ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှု ချက်ချင်းရပ်” ဟု ပြောဆိုခြင်းကြောင့်ဖြစ်ကြောင်းသိရပြီး ဒေါ် နန်ပူက သတင်းစာရှင်းလင်းပွဲတွင် ” ပိတ်မိပြည်သူများအား တားဆီးပိတ်ပင်ခြင်းသည် တပ်မတော်သာ ဖြစ်ကြောင်း၊ ပိတ်မိပြည်သူများအား ဖမ်းဆီးသတ်ဖြတ် စစ်ဆေးခြိမ်းခြောက်ခြင်းသည်တပ်မတော်သာ ဖြစ်ကြောင်း”ဟု ပြောဆိုခဲ့သည့်အတွက် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇော်ဂျတ်ကိုမူ ” တပ်မတော်က ဖားကန့် မန်ဝယ်ကျေးရွာဘက်တွင် တစ်ဖက်သတ်ထိုးစစ်ဆင်ခြင်း ကြောင့် ပြည်သူများ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရကြောင်း၊ ထွက်ပြေးလာသည့်ရွာသား ၂၀၀၀ ကျော်ခန့်ကို တပ်မတော်က ၄င်းတို့နေထိုင်သည့် ရွာသို့ ပြန်လည်မောင်းထုတ်ပြီး ၄င်းရွာဘက်တွင် တပ် မတော်နှင့်အတူတူ နေထိုင်ခဲ့ကြောင်း၊ ညဘက်တွင်တပ်မတော်မှ အရက်မူး၍ ရွာသားများအား မထီမဲ့မြင် ပြုမူဆက်ဆံမှုများရှိ ကြောင်း၊ ဧပြီလ ၁ ရက်နေ့မှစ၍ ဟူးကောင်းချိုင့်ဝှမ်း တနိုင်း  အောင်လောဒ့် ဘက် တွင်တပ်မတော်မှ ထိုးစစ် ဆင်ပြီး ရွာသူရွာသားများနေထိုင်သည့် နေရာများသို့ လက်နက်ကြီးလေယာဉ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ကျည်များကျရောက်ခဲ့သဖြင့်  ပြည်သူများ သေကျေ ဒဏ်ရာရရှိခဲ့ကြောင်း”ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းကြောင့်ဖြစ်သည်ဟု သိသည်။

တရားစွဲဆိုခြင်းခံထားရသူ သုံးဦးကမူ ထိုစွပ်စွဲချက်များသည် ခိုင်လုံမှုမရှိကြောင်း၊ မိမိတို့ပြောဆိုထား သည့် အကြောင်းအရာများနှင့် ကွဲလွဲနေကြောင်း ရှင်းပြပြောဆိုသည်။

“ကျွန်တော်ပြောတဲ့ဟာနဲ့ သူတို့ပြောတဲ့ဟာကလွဲနေတယ်ခင်ဗျ။ လွဲချက်ကတော့ တော်တော်လေး ကိုများတယ်။ ကျွန်တော်ပြောတာက တနိုင်းအောင်လောဒ့်ဘက်မှ ပိတ်မိပြည်သူ ၂၀၀၀ ကျော်ရှိတဲ့ဟာကို မန် ဝယ်ဘက်မှာ နှစ်ထောင်ရှိတယ။် အဲ့လိုရောပြီးရေးတယ်။ အမှန်ဆို မန်ဝယ်ဘက်မှာ ၁၅၀ လောက်ပဲရှိတယ်။ သူတို့ထွက်လာတဲ့အချိန်မှာ တပ်မတော်က ချောင်းဝရောက်တဲ့အချိန်မှာ ပြည်လှည့်ပြန်ခိုင်းတဲ့ဟာကို သူတို့ ကမောင်းထုတ်တယ်ဆိုပြီးမှ အသုံးအနှုန်းပြောင်းထားတယ်။ အဲ့ဒါတွေက ကွဲလွဲမှုတွေပေါ့။ ကျွန်တော့် အမြင် အရဆိုရင် ခိုင်လုံမှုမရှိဘူးလို့မြင်တယ်။”ဟု ကိုဇော်ဂျတ်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ကိုလွမ်းဇောင်းကမူ-

“ပြောမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်းလည်းပြောထားတာမဟုတ်ဘူး။ မနေ့က တရားလိုဖြစ်တဲ့ ဒုတိ ယဗိုလ်မှူးကြီးက သူကိုယ်တိုင်ကြားသိတာလည်းမဟုတ်ဘူး။ ကိုယ်တိုင်သိမြင်တာလည်းမဟုတ်ဘဲနဲ့ ခိုင်လုံပြီး မှ သက်သေအထောက်အထားနဲ့ ကျွန်တော့်အပေါ်မှာ စွပ်စွဲတာမဟုတ်ဘဲနဲ့ တစ်ဆင့်ကြားပုံစံနဲ့ သော်လည်း ကောင်း၊ ခိုင်မာတိကျတဲ့ဟာမဟုတ်ဘဲနဲ့ ကျွန်တော့်ကိုစွပ်စွဲတယ်လို့ ကောက်ချက်ချလို့ရတာပေါ့။” ဟု ပြောသ ည်။

မိမိတို့အနေဖြင့် ပိတ်မိပြည်သူများအား အမြန်ဆုံးကယ်တင်ပေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီရရှိရေး၊ နိုင်ငံသားတစ်ဦး၏ မူလအခြေခံအခွင့်အရေးဖြစ်သည့် ပြည်သူများ၏ ဆန္ဒကိုသာ နိုင်ငံတော် အစိုးရ သိရှိနားလည်းအောင် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်းကိုမျှ အသရေဖျက်ခြင်း မဟုတ် ကြောင်းလည်း ကိုလွမ်းဇောင်းကဖြည့်စွက်ပြောဆိုခဲ့သည်။

ထို့အပြင် ယခုကဲ့သို့ တရားစွဲဆိုမှုက တပ်မတော်အပေါ် ပြည်သူများ၏ ယုံကြည်မှု ပိုမိုလျော့ကျလာနိုင် သည်ဟုလည်း ၄င်းကသုံးသပ်ပြောဆိုခဲ့သည်။

“ဒီလိုလုပ်တာဟာ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ဖြစ်စဉ်ကြားမှာ ပြည်သူတွေ ဖြစ်စေချင်တဲ့ဆန္ဒကို ပြော ဆိုပြီး ထုတ်ဖော်တာကို နိုင်ငံတော်အစိုးရသော်လည်းကောင်း၊ တပ်မတော်သော်လည်းကောင်း မတရား တရားစွဲဆိုမှုတွေက မလုပ်သင့်ဘူးလို့မြင်မိပါတယ်။ ဒီလိုလုပ်တာဟာ ပြည်သူတွေရဲ့ ယုံကြည်မှုလည်း တပ်မ တော်အပေါ်မှာ လျော့ကျလာနိုင်တယ်။” ဟု ကိုလွမ်းဇောင်းကပြောသည်။

လာမည့်စတုတ္ထမြောက်ရုံးချိန်းကို ဇွန်လ ၄ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားပြီး မေလ ၂၈ ရက် တတိ ယရုံးချိန်းတွင် တရားလိုတစ်ဦးကိုသာ စစ်ဆေးခဲ့ကြောင်း သိရသည်။

Salai

 

LEAVE A REPLY

Please enter your comment!
Please enter your name here