တောင်ကိုးရီးယားနိုင်ငံထုတ် လေအိတ်ရထားများကို မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်းတွင် မတ်လ ၂၁ရက်နေ့မှ စတင်ပြေးဆွဲတော့မည်

1710
မြစ်ကြီးနားဘူတာ

မတ် ၁၂

တောင်ကိုးရီးယားနိုင်ငံထုတ် လေအေးပေးစက်ပါ လေအိတ်ရထားများကို မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်းတွင် လာမည့် မတ်လ ၂၁ရက်နေ့မှ စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားတိုင်းရုံး (၁) မှ သိရသည်။

အဆိုပါရထားသည် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁နာရီခွဲတွင် စတင်ထွက်ခွာမည်ဖြစ်ကာ မန္တလေးဘူတာသို့ နောက်ရက်နံနက်၇နာရီ ၄၅မိနစ်တွင် ဆိုက်ရောက်ရှိမည်ဖြစ်ပြီး ကြာမြင့်ချိန် ၁၈နာရီခန့် ရှိမည်ဖြစ်သည်။

ခရီးစဉ်တစ်လျှောက်ရှိ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ နဘား၊ ကောလင်း၊ ကန့်ဘလူ၊ ရွှေဘို စသည့်ကြားဘူတာများတွင် ရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

အဲကွန်းလေအိတ်ရထားတွင် အထက်တန်း၁၀တွဲ၊ စားသောက်ခန်း ၁တွဲ၊ ရထားထိန်းတွဲ တစ်တွဲပါရှိမည်ဖြစ်ကြောင်း၊ ရိုးရိုးတန်းခရီးသည်များအတွက် ရထားထိန်းတွဲတွင် နေရာပေးမည်ဖြစ်သောကြောင့် အစောင်ရေ အနည်းငယ်သာ ရောင်းချ ပေးနိုင်မည်ဖြစ်ကြောင်း မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ် ဦးခင်သော် ကပြောသည်။

“အခုလေအိတ်ရထားက ရိုးရိုးတန်း မပါဘူး။
ရိုးရိုးတန်းဆိုတာက နောက်ဆုံးမှာ ရထားထိန်းတွဲတစ်တွဲပါမယ် ရိုးရိုးတန်း ခုံလေးဆယ်ပါမယ် သို့သော်အဲ့တာက ရထားလိုက် ဝန်ထမ်းတွေအတွက် နေရာပေးရမှာဖြစ်တဲ့အတွက် ရိုရိုးတန်းခရီးသည်တွေအတွက် လက်မှတ် လေးငါးဆယ်စောင်ပဲ ရောင်းနိုင်မယ်”ဟု ဦး ခင်သော် ကပြောသည်။

ရထားလက်မှတ်ကို မြစ်ကြီးနားမှ မန္တလေးထိ အထက်တန်းတွဲလက်မှတ်တစ်စောင် ၂၀၀၀၀ကျပ်နှင့် ရိုးရိုးတန်း ၁၀၀၀၀ကျပ် ၊ မြစ်ကြီးနား- ရွှေဘို အထက်တန်း ၁၆၅၀၀ ကျပ်၊ ရိုးရိုးတန်း ၈၅၀၀ ကျပ်၊ ကန့်ဘလူ အထက်တန်း ၁၄၀၀၀ကျပ်၊ ရိုးရိုးတန်း ၇၀၀၀ကျပ်၊ ကောလင်း အထက်တန်း ၁၁၀၀၀ကျပ် ၊ ရိုးရိုးတန်း ၅၅၀၀ကျပ် ၊ နဘား အထက်တန်း ၈၀၀၀ကျပ်၊ ရိုးရိုးတန်း ၄၀၀၀ကျပ် ၊ မိုးညှင်း အထက်တန်း ၅၅၀၀ကျပ် ၊ ရိုးရိုးတန်း၃၀၀၀ကျပ်၊ ဟိုပင်အထက်တန်း ၄၅၀၀ကျပ် ၊ ရိုးရိုးတန်း၂၅၀၀ကျပ်၊ မိုးကောင်း အထက်တန်း ၂၅၀၀ကျပ်၊ ရိုးရိုးတန်း ၁၅၀၀ကျပ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားဘူတာ ရုံပိုင်ချုပ်ထံမှ သိရသည်။

အထက်တန်းတွဲ လက်မှတ်များကို ၃ရက်ကြိုတင် ဝယ်ယူနိုင်ပြီး မတ်လ ၂၁ ရက်နေ့အတွက် ၁၈ရက်နေ့ နံနက် ၇နာရီမှ စတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Ann

LEAVE A REPLY

Please enter your comment!
Please enter your name here