ဒေါက်တာ အမ်ကောန်လအား မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစန်းတွင် ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံပြီး အမှုဖွင့်စွဲချက်တင်ထားကြောင်း KNC ထုတ်ပြန်

415
ဒေါက်တာ M ကောန်လ
ဓါတ်ပုံ - KNC Facebook လူမှုကွန်ရက်စာမျက်နှာမှ ကူးယူဖော်ပြသည်။
မတ် (၃၁)

နေပြည်တော် ဇမ္ဗူသီရိတရားရုံးမှ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြီးခဲ့သည့် မတ်လ (၂၃) ရက်နေ့က ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့သော ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဌ ဒေါက်တာ အမ်ကောန်လအား မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ ပုဒ်မ ၅၀၅-ကဖြင့် ထပ်မံပြီး အမှုဖွင့် စွဲချက် တင်ထားသည့်အတွက် လာရောက် တရားရင်ဆိုင်ဖွယ်ရှိကြောင်း သိရသည်။

နေပြည်တော် ဇမ္ဗူသီရီတရားရုံးတွင် စွဲဆိုခံထားရသည့် အမှုအတွက် အမိန့်ချပြီးပြီဖြစ်သော်လည်း မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့က ထပ်မံအမှုဖွင့်ထားသည်ကို သိရှိရသဖြင့် ဧပြီလ သင်္ကြန်မတိုင်မီ အချိန်တွင် လာရောက်တရားရင်ဆိုင်ရန် ရှိကြောင်း KNC ပါတီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ဒေါက်တာအမ်ကောန်လ၏ အမှုအခြေနေကို အသေးစိတ်သိနိုင်ရန် KNC ပါတီအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။

ဒေါက်တာ အမ်ကောန်လသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ ဆောင်ရွက်ချက်များအား ၄င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်ရေးသားလေ့ရှိပြီး တရုတ်ပိုးလမ်းမသစ်စီမံကိန်း One Belt One Road Initiative ရေးနှင့် ပတ်သက်ပြီးလည်း ဝေဖန်ရေးသားခဲ့ပြီးသည့်နောက် ရက်ပိုင်းအကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းအပြင် ဒေါက်တာအမ်ကောန်လ အနေဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဦးဆောင်တည်ထောင်ခဲ့ပြီး ကချင်ပြည်နယ်အတွင်းက နိုင်ငံရေး ၊ စီးပွားရေး ၊ သယံဇာတအရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားလေ့ရှိသူ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here