ပူတာအိုမြို့ လုံဇွပ်ရပ်ကွက်က သွားဆရာ၀န်အား ဖမ်းဆီး

823

ဧပြီ-၈

ပူတာအိုမြို့၊ လုံဇွပ်ရပ်ကွက်တွင် သွားဆေးခန်းဖွင့်ထားသည့် ဆရာ၀န် ဟိန်းသူရဇော် ကို ယမန်နေ့ ဧပြီလ( ၇) ရက်နေ့ ညနေ(၅) နာရီချိန်ခန့်က စစ်ကောင်စီကဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုသွားဆရာ၀န်သည် သူ့၏ဆေးခန်းတွင် ဗီနိုင်းပိုစတာများ ကပ်ထားပြီး ဆေးကုသနေခြင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

” အဲဒီဗီနိုင်းပိုစတာမှာ၊ CDM ပါ၀င်သည့် ၀န်ထမ်းများကိုသွားနှင့် ခံတွင်းရောဂါကို အခမဲ့ကုသပေးနေသည်။ ၀န်ထမ်းကတ်ယူဆောင်ပေးပါရန် ဆိုတဲ့ဟာနဲ့ ပြည်သူ့ဆေးရုံကြီးက ဆေးမှတ်တမ်းစာအုပ်ယူလာပြီးဆေးကုသမှုခံယူလျှင် ဆေးကုသခွင့် ၅၀ ရာခိုင်နှုန်းလျော့ပြီးကုသပေးမယ်ဆိုတဲ့ဟာတွေပါတယ်‌။ ဖတ်‌နေတဲ့ချိန် ရဲကလည်း ဗီနိုင်းကိုခွာသွားလိုက်ပြီ” ဟုပြောသည်။

၎င်းဗီနိုင်းပိုစတာများကို မည့်သည့်အချိန်ကတ်ထားကြောင်းကို မသိရသော်လည်း ယမန်နေ့ည ဆေးခန်းဖွင့်သည့်အချိန် စစ်ကောင်စီကတွေ့ပြီး ဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများသုံးသပ်ကြသည်။

ထိုဆရာ၀န်သည် အခြားရပ်ကွက်မှ လုံဇွပ်ရပ်ကွက်သို့ သွားရောက်ပြီး သွား‌ဆေးခန်းဖွင့်ထားသည့် ဆရာ၀န်ဖြစ်သည်ဟုလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here