ပူတာအိုလေယာဉ်ကွင်းရပ်ကွက် အထက်တန်းကျောင်းဖွင့်လှစ်

942
putao high school

ဇွန် ၂၀

ပူတာအိုမြို့နယ် လေယာဉ်ကွင်း အထက် တန်းကျောင်းခွဲကို ဇွန်လ ၂၀ ရက်တွင် အထက်တန်းကျောင်းအဖြစ် တိုးမြှင့်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဤကျောင်းကို ၁၉၆၃ ခုနှစ်က မူလတန်း ကျောင်းအဖြစ်ဖွင့်လှစ်ခဲ့ကာ ၁၉၉၈ ခုနှစ်တွင် မူလွန်ကျောင်းအဖြစ် အဆင့်တိုးဖွင့်လှစ်ခဲ့သည်။

ထိုမှတဆင့် ၂၀၁၀ ခုနှစ်တွင် အလယ်တန်း(ခွဲ)အဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အလယ်တန်းကျောင်း အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင်အထက်တန်းကျောင်း(ခွဲ)အဖြစ် လည်းကောင်းအဆင့်ဆင့်တိုးမြှင့်ခဲကာ ယခု၂၀၁၈-၁၉ ပညာသင်နှစ်တွင် အထက်တန်းကျောင်းအဖြစ် အဆင့်တိုးသတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ထိုကျောင်းကို အထက်တန်းအဆင့်တိုးမြှင့် လိုက်သော်လည်း စာသင်ဆောင် လုံလောက်မှုမရှိသေးဟုသိရသည်။

ထိုကျောင်းတွင် ကျောင်းသူ/သားပေါင်း ၁၁၁၂ ဦး ပညာသင်ယူနေပြီး တစ်ခန်းလျှင်အယောက် ၈၀ ခန့် တက်ရောက်နေရသည်။
ကျောင်းဆရာ/မ ဦးရေအနေဖြင့် အထက်တန်းပြ ၇ ဦးရှိကြောင်းသိရသည်။

၂၀၁၇-၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဖြေဆိုသူ အယောက် ၅၀ ကျော် အနက် ၅ ဦးအောင်မြင်ခဲ့ကြောင်း ယာယီကျောင်းအုပ် ဆရာဦးဝဒမ်းခေါင်ဖုန်ထံမှသိရသည်။

အောင်ခမ်း(ပူတာအို)

LEAVE A REPLY

Please enter your comment!
Please enter your name here