ဖားကန့်ကျောက်ဝိုင်းအတွင်း အမျိုးသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွား

531
ဓာတ်ပုံ - ပုံဟောင်းဖြစ်ပါသည်။

ဖေဖော်ဝါရီ၊၂၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်အနီးရှိ ကျောက်ဝိုင်းကို ယနေ့ည (၇)နာရီဝန်းကျင်ခန့်မှ စပြီး ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးပြီးနောက် အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

လူအင်အား(၁၀၀)ဝန်းကျင်ခန့်ရှိသည့် ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးကို မည်သည့်ကိစ္စရပ်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို မသိရှိရသေးကြောင်း သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“အမျိုးသားတစ်ဦးကို ဖမ်းခေါ်သွားတယ်။ ကျောက်ဝိုင်းထဲကို ဝင်ပြီး ဖမ်းသွားပြီ။ ဘာကြောင့်လဲတော့ မသိဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ ၎င်းအမျိုးသားကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးပါ။

ဒါ့အပြင် ယမန်နေ့ညကလည်း ကျောက်ဝိုင်းအနီးရှိ အေးမြသာယာ ရပ်ကွက်ထဲသို့ ရဲနှင့် စစ်ကောင်စီတပ်သားများက တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံစစ်ဆေးမှုများ ရှိခဲ့ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here