ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်းအား KIA မိုင်းဆွဲတိုက်ခိုက်

831

မေ၊၂၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါနဲ့ ဂျမ်ဂါကျေးရွာ အနီးက မဂါးပြင်ဘက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ယနေ့နံနက်(၅)နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးသည့်နောက် နှစ်ဖက်တပ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

“ဝှေခါနဲ့ ဂျမ်ဂါအနီးက မဂါးပြင်ဘက် ဖြစ်တယ် ကြားတယ်။ ဒီမနက်(၅)နာရီလောက်မှာ ဖြစ်တာ။ စစ်ကြောင်းထိုးလာတဲ့ သူတွေကို မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက် အပြန်အလှန်ဖြစ်တာ”ဟု ဒေသခံက ဆိုသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ထိခိုက်ကျရှုံးမှုအား မသိရှိရသေးပေ။ ဒ့ါအပြင် ဆိပ်မူကျေးရွာ အုပ်စု၊ ဝှေခါဈေးတွင် စစ်ကောင်စီ အရာရှိ တစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို မေလ(၂၀)ရနေ့ကလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ဖမ်းဆီးခဲ့ပြီး ယင်းနေ့၌ပင် မြန်မာ တကောင်း ကုမ္ပဏီဘက်သို့ ဝင်သွားသည့် စစ်ကောင်စီ တပ်သားအင်အား(၂၀၀)ခန့်နှင့် KIA တို့ နေ့လယ် (၁၂)နာရီခွဲ အချိန်ကစပြီး (၂)နာရီခွဲအထိ တိုက်ပွဲ ပြင်းထန်ခဲ့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here