ဖားကန့်တွင် မြေစာပြိုမှုကြောင့် (၁) ဦးသေ (၂) ဦး ဒါဏ်ရာရ

2132
သတင်းဓာတ်ပုံ- ဇော်မိုးထက်(ဖားကန့်)

နိုဝင်ဘာ -၂၀

ဖားကန့်မြို့နယ် လုံးခင်းကျေးအုပ်စု မလောင်ကျေးရွာအနီး ယနေ့မွန်းလွဲ (၂)နာရီ အချိန်က မြေစာပုံဟောင်းပြိုကျမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်းဓာတ်ပုံ- ဇော်မိုးထက်(ဖားကန့်)

ပြိုကျခဲ့သည့် မြေစာပုံဟောင်းသည် သိရောမဏိ ကျောက်စိမ်တူးဖော်ရေးကုမ္မဏီ၏ မြေစာပုံဟောင်းဖြစ်ပြီး အဆိုပါမြေစာပုံတွင် ရွှေနှင့်ကျောက်မျောတိုက်ရင်း မြေစာပြိုကျခဲ့ခြင်းကြောင့် နှစ်ဦးဒဏ်ရာရရှိခဲ့ကာ တစ်ဦးသေဆုံးခဲ့ကြောင်း မလောင်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သေဆုံးသူသည် (၂၅)နှစ် အရွယ်ရှိ မလောင်ကျေးရွာနေ ကိုဇော်ဦး ဖြစ်ပြီး ၊ဒဏ်ရာရသူများမှာ ကိုကျော်ကြီး (၂၉)နှစ်နှင့် ကို စိုးငယ် (၂၄)နှစ်တို့ဖြစ်ကြောင်းလည်း သိရသည်။

ဖားကန့်မြို့နယ်အတွင်းမှာ မြေစာပြိုမှု ၊ကျောက်ကမ်းပါးပြိုကျမှုနဲ့ ကမ်းပါးပေါ်မှခြေချော်ကျမှု များကြောင့် လူပေါင်း ၂၀၀ကျော်သေဆုံးခဲ့ပြီးဖြစ်ကြောင်းလည်း ဒေသအာဏာပိုင်များ၏ သတင်းမှတ်တမ်းများအရ သိရသည်။

ဇော်မိုးထက် (ဖားကန့် )

LEAVE A REPLY

Please enter your comment!
Please enter your name here