ဇွန်၊၁၃
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စစ်ကောင်စီ လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေကို မှတ်ပုံတင်အသစ်တွေ ပြန်လည်လုပ်ဆောင်ပေးခဲ့တယ်လို့ နီးစပ်သူတစ်ဦးဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ ဗန်းမော်မြို့နယ်အတွင်းမှာရှိတဲ့ အစိုးရဝန်ထမ်းတွေနဲ့ စစ်တပ်အတွင်းနေထိုင်သူတွေကို အလုပ်အကိုင်နေရာမှာ တောင်သူအဖြစ် ပြောင်းလဲလိုက်ပြီး မှတ်ပုံတင် (၂) မျိုးကိုင်ဆောင်မှာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ ဝန်ထမ်းတွေ မှတ်ပုံတင် လဲတယ်လို့ကြားတယ်။ ဝန်ထမ်းတွေ စစ်တပ်ဘက်က အလုပ်လုပ်ပေးတဲ့သူတွေ အားလုံး မှတ်ပုံတင်လဲ ကြတယ်။ အလုပ်အကိုင်မှာ ဘာဆိုတာကို ပြင်လိုက်တာတဲ့ တောင်သူဆိုပြီး ထည့်လိုက်တာတဲ့” လို့ နီးစပ်သူက ဆိုပါတယ်။
အခုလို ပြုလုပ်တာဟာ သွားရေးလာရေးမှာ စိုးရိမ်ရလို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။