ဧပြီ ၂၂
ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု၊ မခေါယန် ကျေးရွာတွင် သဲကျောက်နှင့် ရွှေလက်လုပ်လက်စား လုပ်ကိုင်သူ တစ်ရက်လျှင် တစ်ထောင်ခန့် ဝင်ရောက်လုပ်ကိုင်နေကြောင်း ရွှေလက်လုပ်လက်စား လုပ်ကိုင်နေသူ တစ်ဦးထံမှ သိရသည်။
အဆိုပါလုပ်ငန်းခွင်များကို ၁ ဧက လျှင် ကျပ်၁၂ သိန်းကျော် အခွန်ဆောင်စေပြီး လုပ်ကိုင်ခွင့်ပေးထားကြောင်း ဝိုင်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းကပြောသည်။
”တစ်ဧကကို ၁၂ သိန်းခွဲ အခွန်ဆောင်ရတာ။၂ ဧကကို ၂၅ သိန်းလေ။ အခွန်တွေကကောက်ထားတော့ လိုင်စင်တွေက ချထားပေးတော့ နည်းနည်းပါးပါးတော့ သုံးလပိုင်း လေးလပိုင်းပဲ လုပ်ရသေးတာဆိုတော့ ဒီလကုန်ပြီး ငါးရက်လောက်ဆို ပိတ်ပြီပေါ့နော်” ဟု ဦးထွန်းထွန်းက ဆိုသည်။
Covid-19 ရောဂါ ကူးစက်မှုမပြန့်ပွားစေရန်အတွက် နိုင်ငံတော်အစိုးရမှ လူစုလူဝေးမလုပ်ရန် မလုပ်ရန် ထုတ်ပြန်ထားသည်။
Ah Je







