မစိမ့်ထက်ရုပ်ကလပ်အား ယနေ့မီးသဂြိုဟ်

1663

မေ ၃၀

ရေခဲတောင်ပေါ်မှပြုတ်ကျသေဆုံးခဲ့သည့် မစိမ့်ထက်၏ ရုပ်ကလပ်အား ယနေ့ မေလ ၃၀ ရက်နေ့ ညနေ ၂နာရီက ပူတာအိုမြို့၊ ပန်းလှိုင်ရပ်ကွက် ရှိ သချိုင်းတွင် နာရေးကူညီမှုအသင်း ၊ ခမ်းတီလုန်လူငယ် ပရဟိတအသင်း ၊ ရပ်မိရပ်ဖများ ၊ တောင်တက် ကယ်ဆယ်ရေးအဖွဲ့ များက မီးသဂြိုဟ်ခဲ့ကြကြောင်းသိရသည်။

မစိမ့်ထက်

ပူတာအိုမြို့နယ် ပြည်သူ့ဆေးရုံတွင်ခွဲစိတ်စစ်ဆေးပြီး မီးသဂြိုလ်ခဲ့ခြင်းဖြစ်ပြီး အရိုးပြာကို ရန်ကုန် သို့ယူဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

မစိမ့်ထက်သည် ပြီးခဲ့သည့်ဧပြီလ (၁၂)ရက်က The Summiter တောင်တက်အဖွဲ့နဲ့ ကချင်ပြည်နယ် ဖန်ဂရန်ရာဇီ ရေခဲတောင်တက်ခရီးစဉ်တွင် တောင်ပေါ်မှ ပြန်အဆင်းတွင် ခြေချော်ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

တောင်တက်သမားများမှ မစိမ့်ထက်၏ ရုပ်အလောင်းအား ပြန်လည်ရှာဖွေမှုတွေပြုလုပ်ခဲ့ကြပြီးနောက် တတိယအကြိမ် ရှာဖွေမှုတွင် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Salai

LEAVE A REPLY

Please enter your comment!
Please enter your name here