မိုးကောင်းတွင် ယမန်နေ့ညက လက်မောင်းကျည်ထိမှန်ခဲ့သည့် အမျိုးသမီးအား မြစ်ကြီးနားစစ်ဆေးရုံသို့ ပို့ဆောင်

757

ဧပြီ-၆

ကချင်ပြည်နယ၊ မိုးကောင်းမြို့တွင် ယမန်နေ့ ဧပြီလ (၅) ရက်နေ့ ည ကိုးနာရီကျော် အချိန်ခန့် ပစ်ခတ်ခံရသည့် ကျွန်းတောရပ်ကွက်မှ ကျည်ထိမှန်သူ အမျိုးသမီးကို ယနေ့ နံနက် မြစ်ကြီးနားမြို့ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်မှ ကျည်ထိမှန်ခဲ့သူ အမျိုးသမီးသည် ဧပြီလ (၅)ရက်နေ့ည ကိုးနာရီကျော်အချိန် သူမ၏ တစ်နေ့တာ စျေးရောင်းရငွေအား ရေတွက်နေစဉ်တွင် ပစ်ခတ်မှုကြောင့် ဘယ်ဖက် လက်မောင်းကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ ကျည်ထိမှန်ပြီး နာရီပိုင်းကျော်အချိန်ခန့်ထိ ဆေးအကူ မရရှိသဖြင့် ပြည်သူများ၏ တောင်းဆိုချက်ကြောင့် ရဲတပ်ဖွဲ့နှင့် နာရေးအသင်းမှ မိုးကောင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သွေးထွက်လွန်သဖြင့် ယနေ့မနက်ပိုင်း မြစ်ကြီးနားမြို့ စစ်ဆေးရုံသို့ ပို့ဆောင်ပေးမည်ဟု တပ်ဘက်မှ အရာရှိတစ်ချို့က ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

မိုးကောင်းမြို့ ကျွန်းတောတံတားပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီဘက်မှ ယမန်နေ့ညက ကျွန်းတောတံတားပေါ်မှ ခြောက်လှန့်ပစ်ခတ်ခြင်းကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးတို့ ကျည်ထိမှန်ခဲ့ကြောင်းသိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here