မတ် (၇)
မိုးညှင်းမြို့အတွင်း မိုးညှင်းတက္ကသိုလ်နှင့်မိုးညှင်းအစိုးရနည်းပညာတက္ကသိုလ်(၂)ခုတို့တွင် ယနေ့ စစ်ကောင်စီမှ တပ်စွဲထားပြီး ဆန္ဒပြများတွင် လမ်းကြောင်းများတွင် ရဲတပ်ဖွဲ့က လမ်းကြောင်းအချို့တွင် ပိတ်ဆို့ခဲ့သည့်အတွက် ဆန္ဒပြသူများအနေဖြင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခဲ့ကြောင်းသိရသည်။
မိုးညှင်းမြို့အတွင်း ယမန်နေ့ညပိုင်းက CDMပြုလုပ်သူများအား မတ်လ(၈)ရက်နေ့ကစပြီး ရုံးပြန်တက်ကြရန် ရဲတပ်ဖွဲ့က လော်စပီကာဖြင့် လှည့်လည်အသိပေးခဲ့သော်လည်း ယနေ့မတ်လ(၇)ရက်နေ့တွင် CDMကမ်ပိန်းမှာပါသည့်အစိုးရဝန်ထမ်းများက လူထုလူတန်းစားအလွှာစုံနှင့်အတူ ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့်ဝန်ထမ်းများအနေဖြင့် လက်ရှိ စစ်အာဏာရှင်လက်အောက်တွင် လုပ်ငန်းတာဝန်များဆက်လက်မထမ်းဆောင်လို၍ ယခုကဲ့သို့ လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပြီး အတင်းအကြပ် ပြုမူရုံးတက်ခိုင်းနေသည့် အပေါ်တွင်လည်းလည်း ရှုံ့ချကြောင်းနှင့် ဝန်ထမ်းများအပေါ် အာဏာရှင်ဆန်စွာ ဥပဒေမဲ့ မတရားဖမ်းဆီးနေသည့်အပေါ်တွင်လည်း အလိုမရှိကြောင်း ပြောဆိုနေကြသည်။
မိုးညှင်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်နေခြင်းသည် ယနေ့အထိ ရက်ပေါင်း (၂၉)ရက်အထိ ရှိပြီဖြစ်ကြောင်းလည်း သိရသည်။







