မိုးညှင်းမြို့နယ်တွင်တွေ့ရှိခဲ့သည့် Covid-19 လူနာအမှတ် ၁၄၄ နှင့်ဆက်သွယ်မေးမြန်းခြင်း

2192

ဆေးရုံမှာနေနေရတဲ့ လက်ရှိအခြေအနေဘယ်လိုရှိသလဲ။
ကောင်းပါတယ်။

အစ်ကိုကျန်းမာရေးအခြေအနေက အခုဘယ်လိုခံစားနေရလဲ။
အခုကတော့ ကောင်းပါတယ်။ မနေ့ကတော့ ရင်နည်းနည်းကျပ်တယ်။ ဒါပေမယ့် ဆေးသောက်လိုက်တော့ နေလို့ကောင်းသွားပါတယ်။

အစ်ကို့ကို ဆေးရုံကနေဘယ်လို စောင့်ကြပ်ကုသမှုတွေပြုလုပ်ပေးနေလဲ။
ဒီမှာက ၂၄ နာရီကျွန်တော်ကို စောင့်ကြည့်နေပါတယ်။ ဆရာမတွေ၊ နေ့ နှစ်ယောက်၊ ညနှစ်ယောက်ပေါ့နော်။ နှစ် Duty ပေါ့နော်။ ကျွန်တော်ဘာဖြစ်လို့ရှိရင် ချက်ချင်းပြောပေါ့နော် အဲဒီလို့စောင့်ကြည့်ပေးနေပါတယ်။ ဟုတ်။

အခုသူတို့ကုသပေး၊ သောက်ခိုင်းနေတဲ့ဆေးတွေက ဘယ်လိုဆေးတွေလဲ။
အခုရောဂါကနော် ဆရာတွေလည်းပြောကြတယ်။ ဆရာတွေလည်းပြောကြတယ်။ ဆေးကတော့မရှိဘူးပေါ့။ မရှိဘူးဆိုတော့ ဒီလိုရိုးရိုး ကျွန်တော်တို့သောက်နေတဲ့ ဆေးတွေပဲ အဲဒီလိုပဲပေးတယ်။ ပြီးရင်တစ်ခုခု ချောင်းဆိုတယ်ဆိုရင် ချောင်းဆိုးပျောက်ဆေးပေးတယ်။ ဖျားလို့ရှိရင်တော့ အဖျားကျဆေး အဲဒီလိုပေးတယ်။ ဒီလို Covid-19 ဆေးတော့ မရှိသေးဘူး။ ဟုတ် အခုလောလောဆယ်တော့ မရှိသေးဘူးပေါ့ ဟုတ် အဲလိုပဲကုနေတယ်။

အစ်ကို့အနေနဲ့ အခုရောဂါခံစားနေရတော့ ဘယ်လိုစိုးရိမ်မှုတွေရှိနေလဲ။
စိုးရိမ်စိတ်ကတော့ ရှိတော့ရှိတာပေါ့။ ဆရာဝန်တွေပြောတာက လူငယ်တွေက ခုခံအားကောင်းတယ်။ ကိုယ်ခံအားကောင်းရင် ပြန်ပျောက်တယ် ဆိုတော့ အဲလောက်ကြီးမစိုးရိမ်ပါဘူး။ ဟုတ်။

Quarantine ထားရှိသူတွေ၊ သံသယလူနာတွေ၊ ရောဂါခံစားနေရတဲ့သူတွေကို ဘယ်လိုအကြံဉာဏ်ပေးချင်ပါသလဲ။
ဒီရောဂါကတော့ နေရာတော်တော်များများမှာ ဖြစ်လာပြီးဆိုတော့ အဲလောက်ကြီးလည်း မကြောက်ကြပါနဲ့လို့ အဲလိုပြောချင်တယ်။ ကြောက်ရင်လည်း ကြောက်ရမှာဆိုတော့ ဒီရောဂါက အကူးမြန်တဲ့ အခါကျတော့ နည်းနည်းတော့ ဂရုစိုက်ရမှာပေါ့နော်။ အဲလောက်ကြီးလည်း မစိုးရိမ်ပါနဲ့လို့ ပြောချင်တယ်။

ဒီရောဂါ ကပ်ဆိုးကြီးအတွင်းမှာ ကူညီပေးခဲ့တဲ့ သူတွေကို အစ်ကို့အနေနဲ့ ဘယ်လို ကျေးဇူးတင်စကား ပြောချင်ပါသလဲ။
ကျွန်တော်ကိုအားပေးတဲ့၊ အားပေးစကား ပြောပေးတဲ့လူတွေ၊ အလှူရှင်တွေရယ်၊ ဂရုစိုက်တဲ့လူတွေရယ် အကုန်လုံး၊ စိုးရိမ်ပေးကြတဲ့လူတွေကို အထူးပဲကျေးဇူးတင်ပါတယ်လို့ပြောချင်တယ်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here