မိုးမောက်မြို့နယ်ထဲကို စစ်ကောင်စီအင်အား တိုးချဲ့ဝင်ရောက်မှုတွေရှိနေပြီး စစ်ရေးတင်းမာမှုတွေ ရှိလာတာကြောင့် ဒေသခံအချို့ တိမ်းရှောင်နေရ

557
မြန်မာစစ်တပ်

စက်တင်ဘာ၊၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲကို စစ်ကောင်စီအင်အား တိုးချဲ့ဝင်ရောက်မှုတွေရှိနေပြီး စစ်ရေးတင်းမာမှုတွေ ရှိလာတာကြောင့် ဒေသခံအချို့ တိမ်းရှောင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အင်အား (၂၀၀) ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့ ၊ ခါနန်ရပ်ကွက်နဲ့ တဆက်တည်းရှိတဲ့ ဝဝမ်ကျေးရွာထဲကို ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ပြီး စက်တင်ဘာလ (၆) ရက်နေ့ကနေ ယာယီတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ အသက် (၄၀) အရွယ် မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးကမြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ဝဝမ်နဲ့ ခါနန်က တဆက်တည်းဟုတ်တယ်။ တိုက်ပွဲဖြစ်လာမှာစိုးလို့ တိမ်းရှောင်ကြတာ။ မိုးမောက်မြို့ပေါ်ဘက်က ဘုရားကျောင်းဘက်ကို ရှောင်ကြတယ်တဲ့။ “ လို့ဆိုပါတယ်။

ဝဝမ်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းတွေမှာ ဝင်ရောက်နေရာယူလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မှာတော့ ထွက်သွားပြီလို့ သတင်းကြားရတာကြောင့် တချို့ဒေသခံတွေ နေအိမ်ဘက် ခေတ္တသွားပြန်ကြည့်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

မိုးမောက်မြို့ပေါ်က အသင်းတော် ဘုရားကျောင်းဝင်းမှာ ကွမ်ဘန် ဝဝမ်ကျေးရွာက အိမ်ထောင်စု (၅၀) ကျော်၊ လူဦးရေ (၁၅၀)ကျော် တိမ်းရှောင်ခိုလှုံနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး စစ်ရေးအခြေအနေ တင်းမာမှုကြောင့် တိမ်းရှောင်ရတာဟာ အခုအကြိမ်နဲ့ဆိုရင် ၂ ကြိမ်ရှိပြီဖြစ်တယ်လို့လည်း ဝဝမ်ဒေသခံတွေက ဆိုပါတယ်။

အဲဒီ ကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ ၊ တပ်ရင်း ၁၅ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး မိုးမောက်မြို့မှာတော့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၃၇) က အခြေစိုက်ထားတာဖြစ်ပါတယ်။

KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း မိုးမောက်မြို့နယ်နဲ့ ရှမ်းမြောက်ဘက်မှာ စစ်ကောင်စီကနေ အင်အားတိုးချဲ့ မှုတွေ ရှိနေတယ်လို့ မြစ်ကြီးနာသတင်းဂျာနယ်ကို ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here