မြစ်ကြီးနားမြို့၊ ဆယ်မိုင်ကျေးရွာတွင် လုယက်မှု ဖြစ်ပွား

718

ဧပြီ-၁၀

မြစ်ကြီးနာမြို့၊ ဆယ်မိုင်ကျေးရွာတွင်နေ‌ထိုင်သည့် ကိုဘရန်မိုင်ကို ယနေ့ဧပြီလ (၁၀) ရက်နေ့ ညနေ (၂ )နာရီအချိန်က ဂျော်ဘွမ်အ‌နောက်ဘက်လမ်းသို့ သွားချိန် အမည်မသိသူနှစ်ယောက်မှ ဆိုင်ကယ်လုပြီး ဓါးဖြင့်ခုတ်ကာ ထွက်ပြေးသွားကြောင်း သိရသည်။

ကိုဘရန်မိုင်သည် ဓားဖြင့် ခုတ်ဖြတ် လုယက်ခံရခြင်းကြောင့် ဦးခေါင်း၊ ‌နောက်ကျောနှင့် ခြေသလုံးတို့တွင် ဒဏ်ရာရရှိခဲ့ပြီး စီးနင်းလာသည့် ဆိုင်ကယ်ကိုလည်း လုယူထွက်ပြေးသွားကြောင်း သိရသည်။

” ဆိုင်ကယ်ကအသစ်ပဲရှိသေးတယ်။ ကချင်စကားလည်းပြောသံကြားတယ်တဲ့။သူလည်းခုခံလို့ သူ့ဓါးတောင် ကြိုးသွားပြီ၊ အဲလုယက်တဲ့သူတစ်ယောက်ရဲ့ ကျောမှာလည်း ဓါးခုတ်ထားတဲ့ဒဏ်ရာလည်းရှိနေတာတဲ့” မိသားစု၀င်တစ်ဦးက ပြောသည်။

၎င်းနေရာတွင် လတ်တလောတွင် လုယက်မှုများဖြစ်ပွားလျှက်သည်မှာ (၃)ကြိမ်မနည်းရှိပြီးဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

Photo- Credit

LEAVE A REPLY

Please enter your comment!
Please enter your name here