မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာနီးရှိ လေတပ်စခန်း (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) အတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ

694

ဧပြီ၊ ၁၇

ယနေ့နံနက်ပိုင်း ၈ နာရီကျော်ခန့်အချိန်တွင် လက်နက်ကိုင်တစ်စုမှ မြစ်ကြီးနားမြို့ ၊ မော်ဖောင်းကျေးရွာအနီးရှိ လေတပ်စခန်း (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) အတွင်းသို့ လက်နက်ကြီးဖြင့်လာရောက်ပစ်ခတ်ခဲ့သည်ဟုသိရသည်။

ထိုပစ်ခတ်မှုဖြစ်စဉ်တွင် နှစ်ကြိမ်မှာ လေတပ်စခန်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ မော်ဖောင်းကျေးရွာ တွင်းသို့ တစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း နှင့် အိမ်တစ်အိမ်ထိမှန်ပျက်စီးကာ ရွာသားတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း မော်ဖောင်းကျေးရွာ၊ ရွာသားတစ်ဦးမှ အတည်ပြုပြောကြားသည်။

 

ထိခိုက်ဒဏ်ရာရသူမှာ အသက် ၅၀ ကျော် အမျိုးသားတစ်ဉီးဖြစ်သည်ဟုသိရှိရပြီး ထိုသူကို မြစ်ကြီးနားသတင်းဂျာနယ်မှ ဆက်သွယ် စုံစမ်းနေဆဲဖြစ်သည်။

“ကျွန်တော် ပေါက်ကွဲသံ သုံးကြိမ်ကြားလိုက်တယ်၊ ဒါနဲ့ကြောက်ပြီးအခင်းထဲမှာမနေရဲပဲ ကလေးတွေခေါ်ပြီး လူလွတ်ထွက်ပြေးခဲ့တယ်” ဟု မောင်ဖေါင်းကျေးရွာနှင့် ကပ်လျက်ရှိသည့် ရှဒေါင်ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

မော်ဖောင်းကျေးရွာနေ နောက်တစ်ဦးမှလည်း ” အခု ရဟတ်ယာဉ်ပျံဝဲနေတယ် ပြီးတော့ စစ်ကားအတော်များများလည်း ရောက်လာတယ်။ အခုလုံခြုံရေးတွေ တင်းကျပ်ထားလိုက်ပြီး စစ်ဆေးတာတွေစလုပ်နေတယ်” ဟု ဆိုသည်။

ထိုဖြစ်စဉ်နှင့် နီးစပ်ရာတွင် နေထိုင်နေကြသည့် ရွာသားများမှာ လည်း စစ်တပ်မှ လာရောက်စစ်ဆေးမေးမြန်း မှု များ ပြုလုပ်လာကြမည်ကို စိုးရိမ်ကြောက်လန့်နေကြသည် ဟုသိရသည်။

ယခုအပစ်အခတ်နှင့်ပတ်သက်၍ လေတပ်စခန်းတွင်း ထိခိုက်မှု အခြေအနေမှန်ကိုမသိရှိရသေးပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here