မြစ်ကြီးနားမြို့ ရပ်ကွက်အချို့ရှိ မနက်ဈေးများ စနစ်ကျ ရောင်းဝယ်ကြရန် လုပ်ဆောင်နေ

1798
နောင်နန်း တိုက်နယ် ဆယ်မိုင်နံနက်ဈေး
နောင်နန်းတိုက်နယ် ဆယ်မိုင်နံနက်ဈေး

ဧပြီ ၂၂

နောင်နန်းတိုက်နယ်ရှိ ဆယ်မိုင် မနက်ဈေးတွင်  ဈေးရောင်းသူများနှင့် လာရောက်ဝယ်ယူသူများအား covid-19 ကာကွယ်ရေး အသိပညာပေးများ ကို လိုက်နာပြီး စနစ်တကျ ရောင်းဝယ်ကြရန် ရပ်မိ၊ ရပ်ဖများ မီးသတ်အဖွဲ့နှင့် ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်နေကြောင်း နောင်နန်းတိုက်နယ်မှူး ဦးဇခေါင်ထံမှ သိရသည်။

ဈေးရောင်းသူများကို တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာမှ နေရာထိုင်ခင်းဖြင့် ရောင်းချစေပြီး ဝယ်ယူများကိုလည်း စနစ်တကျ ဝယ်ယူရန်၊ နှာခေါင်းစည်းများအား တပ်ဆင်မှသာ ဈေးအတွင်းကို ဝင်/ထွက်သွားလာစေကြောင်း ဦးဇယ်ခေါင်ကဆိုသည်။

”ဈေး(၂)ဈေးရှိတယ်။ လူဦးရေလည်း ၈ထောင်ကျော်ရှိတယ်။ အဲ့ဒီထဲမှာ တစ်ဦးနဲ့ တစ်ဦး ၆ပေအကွာ၊ ရောင်းတဲ့သူရော၊ ဝယ်တဲ့သူရော အကုန်လုံး Mask  တပ်ပြီး ရောင်းဝယ်၊ ပြုလုပ်ဖို့ စီမံထားတယ်။” ဦးဇယ်ခေါင်ကပြောသည်။

လက်ရှိ အချိန်တွင် Covid-19 ကာကွယ်ရန် အရေးကြီးသဖြင့် အဝေးမှ လာရောက်ရောင်းချသည့် ဈေးသည်များအား တားမြစ်ထားပြီး ဒေသခံတွေ ကိုသာ ရောင်းချခိုင်းထားကြောင်းလည်း ဦးဇခေါင်က ဆိုသည်။

”ဈေးကော်မတီတွေနဲ့ ရွာတာဝန်ခံနဲ့ ပေါင်းစပ်ညှိနှိုင်းပြီးမှ အခုဒီ တခြားကလာတဲ့ သူတွေကို အဝင်မခံတော့ဘူး။ မလာရောင်းခိုင်းတော့ဘူး။” ဟုလည်း  ဦးဇခေါင်က ရှင်းပြသည်။

အလားတူ တပ်ကုန်းရပ်ကွက်တွင်လည်း မနက်ဈေးများအား ဈေးရာင်းသူများနှင့်  လာရောက်ဝယ်ယူသူများအား  covid-19 ပညာပေးမှုများ ပြုလုပ်နေကြောင်းလည်း တပ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောသည်။

”ဈေးတွေကိုရော ရွှေ့ထားတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်ကျော်ကနေ တအားကြပ်တဲ့နေတဲ့ ဈေးကို အ.လ.က ၆လမ်းကြားဘက်ကို ရွှေ့လိုက်တယ်။ ဈေးရောင်းတဲ့ သူတွေရော၊ ဝယ်တဲ့ သူတွေရော အလားလုံး Mask တပ်ရမယ်။ အဲ့ဒီ အဆင့် အထိ လုပ်ဆောင်နေတယ်။” ဟု ဦးဘောက်နော်က ဆိုသည်။

ပြည်နယ်အစိုးရမှ မနက်ဈေးများအား နံနက်(၅)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ်ရောင်းချရန်နှင့် ဈေးရောင်း၊ ဈေးဝယ်သူများ အားလုံး နှာခေါင်းစည်းများ တပ်ဆင်ပြီး  ရောင်း/ဝယ်ကြရန် ဧပြီလ(၁၄)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး  မြစ်ကြီးနားမြို့နယ်၏ ရပ်ကွက်အချို့တွင်လည်း Covid-19 ပညာပေးလုပ်ငန်းများ လက်တွေ့လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။

Esther/Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here