မြစ်ကြီးနားသပိတ် ဖမ်းဆီးခံရသူများအား ဧည့်တွေ့ခွင့်မရ

652

မတ် (၁၁)

မတ်လ ၈ရက်နေ့က မြစ်ကြီးနား သပိတ်တွင် ဖမ်းဆီးခံရသူများကို ယနေ့အထိ ဧည့်တွေခွင့်မရသေးကြောင်းသိရသည်။

ဖမ်းဆီးခံရသူများအား တွေ့ဆုံခွင့်မရှိ‌သော်လည်းလည်း လိုအပ်သည်များအား စာနှင့်ရေးသားပြီး ပို့ပေးနိုင်ကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိခင်ဖြစ်သူမှပြောသည်။

“လိုအပ်တာတွေကို စာနဲ့ရေးပြီးပြောလို့ရတယ်။ ဒါပေမယ့် မြန်မာစာပဲရေးခိုင်းတယ်။ တိုင်းရင်းသားစာ တစ်လုံးလောက်ညှပ်ပါနေရင် တောင် မရဘူး။ မပို့ပေးဘူး” ဟု ၄င်းကပြောသည်။

အကျဥ်းကျနေသည့် သမီးဖြစ်သူမှရေးပို့သည့်စာတွင် အမြန်လွတ်ရန် ဆောင်ရွက်ပေးပါ”ဟု ပါဝင်ကြောင်း သိရသည်။

“အထဲမှာ အရမ်းအဆင်မပြေဘူး အမြန်ဆုံးလွှတ်နိုင်ဖို့ လုပ်ပေးပါအမေ”ဟု ရေးသားကြောင်းအမေဖြစ်သူမှပြောသည်။

မတ်လ (၈)ရက်နေ့တွင် ဖမ်းဆီးခံရသူ (၉၁)ဦးရှိပြီး အသက် (၁၈)နှစ်အောက်ဆန္ဒပြလူငယ်( ၁၉)ဦးသည် PCG ၏ညှိနှိုင်းမှုဖြင့် ပြန်လည်လွှတ်လာခဲ့ပြီးဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here