မြစ်ဆုံအထက် တီယန်ဇွမ်ကျေးရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်မှ မြစ်ကြီးနားဘက်က တက်လာသူများကို စစ်ဆေးမှုများ ပြုလုပ်နေ။

646
စစ်ကောင်စီတပ်

မေ၊၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာတွင် တပ်စခန်းချထားသည့် စစ်ကောင်စီတပ်မှ မြစ်ကြီးနားဘက်က တက်လာသည့် ပြည်သူများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

မြစ်ကြီးနားမှ တက်လာသူ အားလုံးကို တီယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီ ဂိတ်စခန်းမှ စစ်ဆေးမေးမြန်းမှုများအား မေလ(၁၃)ရက်နေ့ သောကြာနေ့မှ စတင်ပြီး တင်းကြပ်စွာ လုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

အလားတူ ဆွမ်ပရာဘွမ်မြို့ရှိ စစ်ကောင်စီတပ်စခန်း ဂိတ်တွင်လည်း ဖြတ်သန်းသွားလာသည့် ပြည်သူများအား စစ်ဆေးမေးမြန်းနေကြောင်းလည်း သိရသည်။

ဖြတ်သွားတဲ့ သူတွေကို အရမ်းစစ်တယ်။ ဘယ်ကလာတယ်။ ဘယ်သူတွေလဲ။ ဘာပါလဲ စစ်တယ်။ အရင်က စစ်ပေမယ့် ပိုက်ဆံပေးပြီး ဖြတ်သွားတာပဲ။ အခုက ပိုက်ဆံပေးရင်လည်း မရဘူး”ဟု ဒေသခံက ဆိုသည်။

တီယန်ဇွပ်ကျေးရွာတွင် စစ်ကောင်စီမှ မေလ(၁၁)ရက်နေ့မှ စတင်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေထိုင်နေပြီး ကျေးရွာ အနီးဝင်းကျင်တွင်လည်း လုံခြုံရေး ယူထားကာ အီဂျစ်ကျေးရွာကြား တောင်တစ်လျှောက်တွင်လည်း စစ်သားအများအပြား နေရာယူထားဆဲ ဖြစ်ကြောင်းလည်း သိရသည်။

တီယန်ဇွပ်ကျေးရွာသည် မြစ်ဆုံအထက်ပိုင်းတွင် ရှိပြီး အိမ်ခြေ(၂၀၀)ဝန်းကျင်၊ လူဦးရေ တစ်ထောင် ဝန်းကျင် နေထိုင်လျက်ရှိသည်။

ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here