ခေတ်ရေစီးကြောင်းနဲ့ နိုင်ငံရေးအရ ကချင်လူငယ်အများအပြားဟာ ရန်ကုန်မြို့ကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်လာကြတာ ဆယ်စုနှစ် ၂ ခု ကျော်လာပါပြီ။ တချို့သောသူတွေရဲ့ မိဘတွေက ကိုယ်ပိုင်အိမ်တွေဝယ်ထားပေးပြီး နေစရာစားစရာ အဆင်သင့်နဲ့ ထားရှိပေးနိုင်တာကြောင့် ရန်ကုန်သူ/သားတွေလို ရည်မှန်းချက်ကို လွယ်လင့်တကူ ဖော်ဆောင်နိုင်ကြပေမယ့် တချို့သူတွေကတော့ ရန်ကုန်မြို့အတွင်းမှာ ဆွေမျိုးသားချင်းသာမက နေထိုင်စရာ အိမ်/အခန်း မရှိတာကြောင့် သုညဘ၀ကစရမယ့် ကချင်လူငယ်တွေအတွက် ရန်ကုန်မြို့ဟာ စစ်မြေပြင်တစ်ခုသဖွယ်ဖြစ်နေပါတယ်။ ဒါပေမယ့် တစ်ချို့သောကချင်တိုင်းရင်းသားတွေကတော့ ရန်ကုန်မြို့ကနေတဆင့် မလေးရှားနိုင်ငံအပြင် တခြားသောအနောက်နိုင်ငံတွေကိုလည်းသွားရောက်အလုပ်လုပ်ကိုင်ကြတာရှိပါတယ်။ ဘ၀အတွက် ရည်မှန်းချက်ထားပြီး ရန်ကုန်မြို့မှာ သွားရောက်ရုန်းကန်နေကြရတဲ့ ကချင်တိုင်းရင်းသားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့ အောင်မြင်မှုရရှိဖို့ ကြိုးစားနေရပုံတွေကို မြစ်ကြီးနားသတင်းဂျာနယ် စာဖတ်ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။
Tu Nang Zing hang
zumba နှင့် Yoga ဆရာ စွန့်ဦးတီထွင်သူလူငယ်

ရန်ကုန်မြို့ကို ကျွန်တော် ၈ တန်းတက်မယ့်အရွယ် ၂၀၀၈ ခုနှစ်မှာ ရောက်ခဲ့တာပါ။ ပြီးတော့ ငွေရေးကြေးရေး အခက်အခဲကြောင့် မြစ်ကြီးနားကို ပြန်သွားလိုက်ရတယ်။ ဒါပေမယ့် ရန်ကုန်မြို့မှာ ပညာရေးအခွင့်အလမ်းပေါများတယ်ဆိုတာ သိလိုက်ရတော့ တစ်နေ့ပြန်လာရမယ်ဆိုပြီး သန်္နိဋ္ဌာန်ချခဲ့တယ်။ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ရန်ကုန်မြို့ကို တစ်ယောက်တည်း အပြီးပြောင်းရွှေ့ခဲ့တယ်။ မိဘနဲ့ဝေးရာအရပ်မှာ ဆွေမရှိ မျိုးမရှိဖြစ်နေတဲ့အချိန် အရင်ဆုံးရင်ဆိုင်ရတာတော့ စားဝတ်နေရေးပြဿနာပါ။ အိမ်ကလည်း အတိုင်းတာတစ်ခုလောက်ပဲ ပံ့ပိုးနိုင်တာဆိုတော့ ရပ်တည်နိုင်အောင် စပြီးကြံဖန်ရတယ်။ ပိုက်ဆံပြတ်ပြီး ထမင်းငတ်ပေါင်းလည်း အကြိမ်ရေ မနည်းကြုံရတယ်။ နေစရာမရှိ homeless (လမ်းပေါ်ရောက်)ပေါင်း ငါးကြိမ်ထက်မနည်း ကြုံခဲ့ရတယ်။
နောက်တော့ မန္တလေးမှာတက်နေတဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကို ဆက်တက်ဖို့ မိဘတွေက ဆက်မထောက်ပံ့နိုင်တော့ ကျောင်းထွက်လိုက်ပြီး အားကစားနည်းပြဆရာ (Yoga,zumba) လုပ်ပြီး ရန်ကုန်မှာ ရပ်တည်ခဲ့တယ်။ ဒီလိုနဲ့ ကိုယ်ဝါသနာပါတဲ့ Business Major ကို scholarship ရှာပြီး အခုလည်း အလုပ်တစ်ဖက်နဲ့ ကျောင်းတက်နေပါတယ်။ ကြားထဲမှာ startup business နှစ်ခုလည်း လုပ်တယ်။ www.beyondboundariesyoga နဲ့ www.cavarswor.com မှာ ကိုယ်ပိုင်အသေးစားလုပ်ငန်းလုပ်နေပါတယ်။ ကိုယ့်ဒူးကိုယ်ချွန်ပြီး သုညကနေစခဲ့ရတာပါ။ လူငယ်တွေအနေနဲ့ အရင်ဦးဆုံး ကိုယ်ဘာလုပ်ချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို တိတိကျကျဆုံးဖြတ်ပါ။ ပြီးရင် ချရေးပါ။ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားရမယ်ဆိုတာ စဉ်းစားပါ။ စူညေတွေချပါ။ တစ်ခုအလုပ်မဖြစ်ရင် နောက်တစ်ခု ဘခေုကစ စူညေ ချထားပါ။ ကိုယ်သွားမယ့်လမ်း ဘယ်လိုဆိုတာမသိရင် အရင်သွားဖူးတဲ့သူတွေ၊ အတွေ့အကြုံရှိတဲ့သူတွေကိုမေးပြီးကိုယ်နဲ့သင့်တော်တာကို လုပ်ယူပါလို့ အကြံပြုချင်တယ်။ လူငယ်တွေအနေနဲ့ ရန်ကုန်မြို့မှာ အလုပ်လုပ်ဖို့ဖြစ်ဖြစ်၊ ပညာသင်ယူဖို့ဖြစ်ဖြစ် ရောက်လာပြီဆိုရင် ဇွဲရှိဖို့လိုတယ်။ အခက်အခဲဆိုတာ အချိန်အကန့်အသတ်နဲ့ပဲပေါ်တာပါ။ မဆုတ်မနစ်ကြိုးစားပြီး ကျော်လွှားနိုင်ရင် ပန်းတိုင်ရောက်မှာပါ။ ရန်ကုန်မြို့မှာ ရပ်တည်နိုင်ပြီဆိုရင်ကမ်္ဘာ့နိုင်ငံတွေရဲ့ ဘယ်မြို့မှာမဆို ရပ်တည်ဖို့နည်းလမ်းကို သိသွားပါလိမ့်မယ်။ ကြိုးစားဖို့ဆန်္ဒရှိတဲ့ ကချင်လူငယ်တွေအနေနဲ့ ရန်ကုန်မြို့ကို ရောက်လာလို့ လိုအပ်တယ်ဆိုရင် ကျွန်တော်တတ်နိုင် သလောက်လမ်းပြကူညီပေးဖို့ အသင့်ရှိနေပါတယ်။
Hpa Sunday Aung (Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ အရောင်းတာဝန်ခံ )

ကျွန်တော်က ရန်ကုန်ကို ၂၀၀၈ ခုနှစ်မှာ စရောက်လာတာပါ။ ရောက်လာခါစက ရန်ကုန်မြို့မှာ မိဘဆွေမျိုးတွေမရှိတဲ့အတွက် သူငယ်ချင်းတွေနဲ့ အဆောင်နေတယ်။ ကြုံသလိုစားတယ်။ အစ်မထောက်ပံ့တဲ့ငွေနဲ့ သင်တန်းတက်တယ်။ ရောက်ခါစကဆိုရင်အလုပ်ပဲရှားတာလား၊ ကျွန်တော် ကိုယ်တိုင်ပဲ မသိတာကြောင့်လားမသိဘူး။ ကျွန်တော်ကတော့ သင်တန်းတက်နေရင်းနဲ့ပဲ သမိုင်းမှာနေ့စားခ ၃၀၀၀ ရတဲ့ အလုပ်ကို ၈ လလောက် လုပ်ခဲ့ရတယ်။ နောက်ပြီး ဖြူစင်မေတ္တာဆိုတဲ့တိုင်းရင်းဆေးတိုက်မှာ ၃ နှစ်နီးပါးလုပ်ခဲ့တယ်။ အခက်အခဲတွေကတော့ ပြောလို့မကုန်အောင် များပြားလှပါတယ်။ တစ်ချို့လူတွေရဲ့ လူမျိုးရေးခွဲခြားပြီး နှိမ့်ချဆက်ဆံတာခံခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်က တိုးတက်ရမယ်၊ ကျွန်တော့်ရည်မှန်းချက်ပြည့်ဝရမယ်ဆိုတဲ့စိတ်တစ်ခုနဲ့ ကိုယ်လုပ်နေတဲ့အလုပ်အပေါ်မှာ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ထက်ဧရာဆိုတဲ့ ကုမ္ပဏီမှာ အလုပ်ပြန်ဝင်ခဲ့တယ်။ နောက်တော့ ဥသမနိသသ ကုမ်္ပဏီကို ပြန်ပြောင်းပြီး အလုပ်ဝင်ပြန်တယ်။ ကျွန်တော် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အတွေ့အကြုံမရှိဘူးဆိုပြီး ရာထူးကမတိုးပေးဘူး။ လစာကတော့ နယ်ထွက်ရတာနဲ့ ဘာနဲ့ဆိုတော့ အဆင်ပြေတယ်။ ဆိုလိုချင်တာက ကျွန်တော် Oredoo မှာ ၃ နှစ်နီးပါးလုပ်ပြီး အခြားကုမ္ပဏီဖြစ်တဲ့ Two Bird manufacturing company မှာ ၀င်လုပ်ခဲ့တာက လစာနည်းလို့ ကုမ္ပဏီပြောင်းတာမဟုတ်ဘူးလို့ ဆိုလိုချင်တာ။ Two Bird မှာ ၁ နှစ်ခွဲလောက်အလုပ်လုပ်နေရင်း ကျွန်တော့်အတွက် တန်ဖိုးဖြတ်လို့မရတဲ့ အတွေ့အကြုံကတော့ ရန်ကုန်မြို့ဧရိယာတစ်ခုလုံးကို ခသလနမ လုပ်ခဲ့ရတာပဲ။ အခုလက်ရှိမှာတော့ နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့ Mytel မှာ Pos Supervisor လုပ်နေပါပြီ။ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နေတယ်ဆိုတာ ကြားရတဲ့ Oredoo က ဆရာက ကျွန်တော့်ကို Mytel မှာ လုပ်ဖို့ လှမ်းခေါ်လို့ပါ။ လက်ရှိအနေအထားကတော့ ကျွန်တော့်ကြိုးစားမှုနဲ့ထိုက်တန်တဲ့ နေရာတစ်ခုကိုရတယ်လို့ပဲ ပြောရမှာပေါ့။ တော်တော်များများသော ကချင်လူငယ်တွေက ရန်ကုန်လာပြီး လစာနည်းတဲ့အလုပ်ကို မလုပ်ချင်ကြဘူး။ (ဥပမာ ကျောက်စိမ်းပဲ လုပ်ချင်ကြတာမျိုး။ နောက်ပြီးတော့ သူများနှိမ်တာကို မကြိုက်ကြဘူး။ မှန်တယ်သူများနှိမ်တာကို မကြိုက်ရင် ကိုယ်တိုင်က သူများတွေနှိမ်လို့ရတဲ့အဆင့်မှာ ရှိမနေဖို့အရေးကြီးတယ်။ဒီလိုမျိုးဖြစ်ဖို့ ကျွန်တော်တို့တွေ သည်းခံသင့်ရင် သည်းခံရမယ်။ အဓိကက ကိုယ်လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ ကြိုးစားရမယ်။ ကျွန်တော်က ရန်ကုန်မြို့ကိုအထင်ကြီးတာ မဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံခြားကုမ္ပဏီတွေ ကုမ္ပဏီကြီးတွေက ရန်ကုန်မြို့မှာ ပိုများတယ်။ အဲဒီအထဲမှာ အလုပ်ဝင်ပြီး ပညာရအောင်ယူကြပါ။ အလုပ်လုပ်တဲ့ အထဲမှာ မိမိဘာအလုပ်လုပ်ပဲ လုပ်နေလုပ်နေအကောင်းဆုံး ကြိုးစားကြပါ။ ကိုယ်လိုချင်တဲ့ပညာရပ်နဲ့ အနေအထားတစ်ခုရောက်လာရင် ကိုယ့်ပြည်နယ်ကိုပြန်ပြီးတော့ ကောင်းကျိုးပြုဖို့ ပြန်လာကြပါလို့ပဲ အကြံပေးပါရစေ။
Hpaw Yaw Yawng Ku
(Development Associates International မှ လုပ်ငန်းခွင်သာသနာရဲ့ ဒါရိုက်တာ)
ကျွန်တော်က ရန်ကုန်မြို့မှာ ၂၀၀၆ ခုနှစ်ကစပြီး ရောက်လာခဲ့တာပါ။ ရန်ကုန် စရောက်တုန်းကတော့ အခက်အ

ခဲတွေမျိုးစုံ ကြုံခဲ့ရပါတယ်။ နေရာဒေသအသစ်မှာဆိုတော့ အစစအရာရာ စူးစမ်းလေ့လာရတယ်။ အစပိုင်းမှာ တော်တော်ကို ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် တတ်နိုင်တဲ့ဘက်ကနေ ၀ိုင်းဝန်းဖေးမခဲ့ကြတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေရှိခဲ့လို့လည်း အကူအညီတွေ ရရှိခဲ့ပါတယ်။ နောက်တော့ ကျွန်တော် မလေးရှားနိုင်ငံကို Auto Cad ဆွဲတဲ့အလုပ်နဲ့ သွားရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ မှာ မြန်မာပြည်ကို အပြီးပြန်ရောက်လာခဲ့ပါတယ်။ မလေးရှားမှာ Autocad Design ဆွဲတဲ့အလုပ်အပြင် တခြားခေါင်းဆောင်မှုဆိုင်ရာသင်တန်းတွေလည်း တက်ရောက်ဖြစ်တယ်။ ပြီးတော့ မြန်မာအသိုင်းအ၀ိုင်းမှာလည်း လူငယ်တွေကို တတ်နိုင်တဲ့ဘက်ကနေ ခေါင်းဆောင်မှု သင်တန်းလေးတွေ ပေးဖြစ်ခဲ့ပါတယ်။ အဲဒီချိန်ကနေစပြီး လူငယ်တွေကို ပြုစုပျိုးထောင်ဖို့ အရမ်းအရေးကြီးမှန်း ပိုပိုသိလာတယ်။ အခုတော့ ကျွန်တော် DIA (Development Associates International)မှာ Director of Marketplace Ministry အနေနဲ့ အလုပ်လုပ်ကိုင်နေပါတယ်။ ကျနော်တို့လို ကချင်ပြည်နယ်ကနေ ရန်ကုန်မြို့ကို လာရောက်အလုပ်လုပ်ကိုင်မယ့် ကချင်လူငယ်တွေကိုအဓိက အားပေးချင်တာကတော့ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့အရာ “ရည်မှန်းချက်”ကို သေချာသိထားစေချင်ပါတယ်။ ပြီးတော့ သင်ယူလိုစိတ်ကို အမြဲအပြည့်ထားပါ။ လူမှုပေါင်းသင်းဆက်ဆံရေး ပိုင်းကိုလည်း ကောင်းသထက် ကောင်းအောင် လုပ်ဆောင်ပါလို့ ပြောချင်ပါတယ်။
N-nye Myo Htoi Aung (Imagine Jazz Band တီးဝိုင်း)
ကျွန်တော်က ရန်ကုန်ကို ၂၀၀၈ ခုနှစ်မှာ ပထမဆုံးရောက်လာခဲ့တာပါ။ အဲဒီတုန်းက နေစရာအခက်အခဲရှိခဲ့တယ်။ မိတ်ဆွေတွေရဲ့အိမ်မှာ ကပ်နေရတယ်။ ၀င်ငွေမရှိဘူးဆိုတော့ အစားအသောက်ဆင်းရဲတယ်။ ဒါပေမယ့် မိတ်ဆွေေ

Imagine Jazz Band တီးဝိုင်း
ကာင်းတွေနဲ့ တွေ့ခဲ့ရပါတယ်။ နောက်တော့ ကျွန်တော်က အနုပညာကို ၀ါသနာပါတာဆိုတော့ ၂၀၀၉ ခုနှစ်မှာ ဂီတမိတ်ကျောင်းတက်ပြီး သင်တန်းတက်ခဲ့တယ်။ နောက်တော့ ၂၀၁၁ မှာ အဲဒီ ဂီတမိတ် (Gitameit) မှာပဲ ဆရာအဖြစ်လုပ်ခဲ့တယ်။ ဒီလိုနဲ့ပဲ အနုပညာမိတ်ဆွေတွေ ရရှိလာတယ်ပေါ့ဗျာ။ လက်ရှိမှာတော့ ကျွန်တော်က Imagine jazz band တစ်ခုကို လုပ်ထားတယ်။ Jass Music ကိုပဲ အဓိကတီးတယ်။ Show တွေမှာတီးတယ်။ music နဲ့ ပတ်သက်တဲ့ သင်တန်းအချို့ပေးဖြစ်တယ်။ နောက်ပြီး Every Nation Church Yangon (ENCY)မှာ part time staff အနေနဲ့ အမှုဆောင်လုပ်တယ်။ Kidchurch မှာ ဆရာအဖြစ်ပါဝင်တယ်။ အဓိကကတော့ ကိုယ်ဖြစ်ချင်တဲ့အရာကို ဇွဲမလျှော့ဘဲလုပ်ပါ။ အလုပ်အပေါ်မှာ စည်းကမ်းတကျနဲ့လုပ်ပါ။ ဘယ်တော့မှ ကိုယ်ဟာ ပြည့်စုံတယ်လို့မယူဆပါနဲ့။ အမြဲတမ်းသင်ယူနေပါလို့ ကချင်လူငယ်တွေကို အကြံပြုချင်ပါတယ်။







