မြစ်ကြီးနား၊ သြဂုတ် ၂၄
ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့တွင်းကို ဝင်ရောက်မည်ဆိုပါက သတ်မှတ်ထားသည့် ကိုယ်အပူချိန်ထက် ကျော်လွန်ပါက ာကညါူငေ့ုပနအ ဆေးရုံမှာ အနည်းဆုံး(၅) ရက် ဆေးရုံတက်ရမည်ဖြစ်ကြောင်း ကေအိုင်အို covid-19 ရောဂါ ကာကွယ်နှိမ်နှင်းရေး ကော်မတီကနေ သိရသည်။
လိုင်ဇာမြို့ မဟုတ်သည့် အခြားမြို့ကနေ ဝင်ရောက်လာပါက ကိုယ်အပူချိန် ၃၇.၅ စင်တီဂရိတ်နှင့်အထက်ရှိသူများကို ယခင်ကဲ့သို့ Quarantineမထားရှိတော့ပဲ ဆေးရုံတက်ရမည်ဖြစ်ကြောင်း သိရသည်။
ဒီစည်းမျဉ်း စည်းကမ်းကို covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် သြဂုတ်လ (၁၆)ရက်နေ့ကစပြီး ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ကေအိုင်အို ဗဟို covid-19 ကာကွယ်နှိမ်နှင်းရေး ကော်မတီမှ အတွင်းရေးမှူး ဦးဟိန်းဝေါမ်က ဆိုသည်။
” (၁၆) ရက်ကနေတော့ ခ့နခု စသငညအ မှာ ဝင်ထွက်သွားလာသူတွေကို ခရီးသွားရာဇဝင်မေးတာတွေကို၊ မှတ်တမ်း အတိအကျယူတာတွေကို တင်းကြပ်ပြီး လုပ်တယ်။ ဒီက ဝင်ထွက်သွားလာသူတွေက Qurantine ဝင်စရာမလိုတော့ဘူး။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ ကိုယ်အပူချိန်ရှိရင်တော့ ဆေးရုံတက်ရမယ်။ အပူချိန်ကျတဲ့အထိ အနည်းဆုံး (၅)ရက် တစ်ပတ် ဖြစ်လောက်တယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူလောက်ဘူး” ဟု ၎င်းက ပြောသည်။
ထို့အပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသည့် နေရာဒေသမှ ဝင်ရောက်လာသူများသည် Quarantine (၅)ရက် ဝင်ရမည်ဖြစ်ကြောင်း ဦးဟိန်းဝေါမ်က ဆက်လက်ပြောသည်။
“တခြား စည်းမျဉ်းစည်းကမ်းတွေက နဂိုအတိုင်းပါပဲ။ ဒါပေမဲ့ ပိုးတွေ့တဲ့နေရာ ရန်ကုန်၊ မန္တလေး၊ ရခိုင်က ဝင်ရောက်လာ သူတွေတော့ Quarantine ဝင်ရမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိ အချိန်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ ဗဟိုဌာနအတွင်း Quarantine ဝင်ရောက်နေရသူ မရှိတော့ကြောင်းလည်း သိရသည်။
မျိုးမြတ်မြတ်ပန်







