ဇွန်၊၁၃
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်တောင်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတို့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၁၃) ဦး သေဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မူဆယ်ဘက်ကနေ ဆင်းလာတဲ့ စစ်ကာင်စီရဲ့ အင်အား (၁၅၀) ကို ဒီကနေ့ ဇွန်လ (၁၄) ရက်နေ့ မနက်ပိုင်း (၅) နာရီအချိန်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က တပ်မဟာ (၆) အောက် တပ်ရင်း (၉) ကနေ နမ့်ဖလွန်မှာ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။
“ တပ်ရင်း (၉) တွေဖြစ်တာ ခလရ (၁၂၃) တွေနဲ့။ လူအင်အားက (၁၅၀) ဟုတ်တယ်။ သူတို့တွေ မူဆယ်ကနေ ပြန်ဆင်းလာတဲ့ အချိန်မှာ ဟုတ်တယ်။ ဒီမနက် (၅) နာရီ (၃၅) မိနစ်မှာ မိုင်းနဲ့ အရင် ပစ်တာဟုတ်တယ်။ (၁၀) နာရီခွဲလောက်တော့ လက်နက်ကြီးနဲ့ ပြန်ပစ်တာ။ (၂) ကြိမ်လိုမျိုး ဖြစ်သွားတာပေါ့” လို့ ဒေသခံက ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၁၃) ဦး သေဆုံးပြီး (၄) ဦးဒဏ်ရာ ရရှိခဲ့ပြီးတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်ကလည်း တစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။