ဧပြီ၊၃၀
ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး လက်နက်ကြီးကျ ရောက်မှုကြောင့် ယနေ့နံနက်(၁၁)နာရီ ဝန်းကျင်က မိုးမောက်မြို့ KBC ဘုရားကျောင်းနှင့် ကက်သလစ် ဘုရားကျောင်းသို့ နွမ်လန့် ကျေးရွာမှ လူဦးရေ (၁၀၀)ခန့် ထပ်မံ စစ်ရှောင်လာခဲ့ကြောင်း သိရသည်။

ယမန်နေ့က ရွာအတွင်းလက်နက်ကြီးများ ကျရောက်မှုကြောင့် လူဦးရေ(၁၀၀)ဝန်းကျင်က သက်ဆိုင်ရာ ဘာသာရေးကျောင်းများသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ် နေရာအနှံတွင် မတ်လ (၁၁) ရက်နေ့မှ စတင်ကာ စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး မိုးမောက်မြို့နယ်အတွင်း မြို့သစ်၊ ကုန်းလော၊ နွမ်လန်း၊ နောင်ချို စသည့်ကျေးရွာများအနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
မိုးမောက်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် သက်ဆိုင်ရာ ဘာသာရေးကျောင်းများသို့ တိမ်းရှောင်လာသူ လူဦးရေ တစ်ထောင်ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရသည် ။







