လမ်းမပေါ်မှာ စီးပွားရှာ

1363

အမေရိကန်နိုင်ငံက မြန်မာဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ တကူးတက အချိန်ပေး ဆွေးနွေးနေပေမယ့် ဒုက္ခသည်တွေ အများစုရှိတဲ့ ကချင်ပြည်နယ်ကြီးကတော့ ဒုက္ခသည်အရေးတွေ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေထက် မြစ်ကြီးနားက အများပြည်သူဆိုင်ရာ ကားလမ်းမကြီးပေါ်က ဆိုင်ကယ်သမားတွေကို ဘယ်လိုနည်းနဲ့ ကိုင်တွယ်ရမလဲဆိုတာကိုပဲ နေ့စဉ် ကြံစည်နေပုံရသည်။

ဆိုင်ကယ်စီး ဦးထုပ်တွေ ဆောင်းကြပါ၊ ဆောင်းကြပါဆိုပြီး နေ့တိုင်းဖမ်းခဲ့သည်၊ နေ့တိုင်းမိခဲ့သည်။ နောက်ပိုင်း ဆိုင်ကယ်သမား ၈၀ ရာခိုင်နှုန်းလောက်က ဦးထုတ်ဆောင်းလာတော့ နောက်ကြည့်မှန်မတပ်မှုဖြင့် ဆော်ပြန်သည်။Helmet လှလှလေးတွေနဲ့ back မှန်လေးတွေ တပ်ပြီး ဟုတ်လှပြီအထင်နSurprise Check လုပ်တဲ့နေရာက ဖြတ်မိလို့ကတော့ လိုင်စင်မရှိဘဲ ဆိုင်ကယ်စီးမှုဆိုတဲ့ ပုဒ်မနဲ့စွဲပြီး ဆွဲပြန်ပါသည်။

တစ်ခါတစ်ခါအဖမ်းခံလိုက်ရလျင် ဒဏ်ငွေက နင့်ကနဲနေအောင်ပေးကြရသည်။ ဘယ်တော့မှ ကျပ်တစ်သောင်းအောက် မလျော့။ တစ်သောင်းခွဲ၊ နှစ်သောင်း အမြဲပေးနေကြရသည်။ထိုဒဏ်ကြေးငွေက တရားရုံးကို ဆောင်ရမည်ဟုဆိုသော်ငြား အများဆုံးရတဲ့သူက ကြိုးစားပမ်းစား ဖမ်းဆီးရေးလုပ်ပြီး မြို့
မေတ္တာခံယူနေကြသူများနှင့် လမ်းမကြီးပိုင်ရှင် ဗိုလ်စည်ပင်တု့ိဖြစ်သည်။
ကျွန်တော်တို့ ကျွန်မတို့ ရိုးသားကြပါသည်၊ ခင်ဗျားတို့ ပြည်သူတွေ စည်းကမ်းရှိအောင် ဒဏ်ရိုက်နေတာ ပါဟုဆိုလျှင် ဘယ်နှခုနှစ်က ဘယ်နှစီးဖမ်းလို့ ဒဏ်ကြေးငွေ ဘယ်လောက်ရတဲ့အကြောင်း၊ အဲဒီငွေတွေကို ဘယ်နေရာမှာအသုံးပြုလိုက်ကြောင်း ပြည်သူ့ရှေ့မှာ ပွင့်လင်းမြင်သာအောင် တင်ပြပါ။
မြစ်ကြီးနားမြို့က အချို့ပြည်သူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မသိကြဘူး၊ မလိုက်နာကြဘူးဆိုတာကို မြစ်ကြီးနားသတင်းဂျာနယ်ကလည်း ကိုယ်တိုင်တွေ့မြင်၊ ကြုံကြိုက်ဖူးပါသည်။ ပြည်သူအများကို စည်းကမ်းဘောင်အတွင်း ဆွဲသွင်းပြီး လမ်းမပေါ်က အန္တရာယ်တွေ လျော့ကျအောင်လုပ်ဆောင်ခြင်းကိုလည်း ကြိုဆိုပါသည်။ သို့သော် နေ့စဉ်နီးပါးကြီး ဆပ်ပရိုက်
ချက်တာကိုတော့ လက်မခံလိုပါ။
လမ်းမပေါ်မှာ ဆိုင်ကယ်စီး သွားလာနေကြသူတိုင်းသည်Surprise Check လုပ်ခိုင်းနေသည့် အထက် လူကြီးမင်းများကဲ့သို့ မိုးလည်းလုံ၊ လေလည်းလုံသည့် ကားလေးများဖြင့် ကျော့ကျော့လေး သွားလိုကြပါသည်။ နေပူခံ၊ မိုးစိုခံပြီး ဆိုင်ကယ်ဖြင့် မထွက်လိုကြပါ။ လူကြီးမင်းတို့လို ဝင်ငွေဖြောင့်သူများ လည်းမဟုတ်ကြပါ။အများစုက ဝင်ငွေနည်းပါးသူများဖြစ်၍ ဆိုင်ကယ်ကိုသာစီးနေကြသည်ကို မမေ့စေလိုပါ။ လမ်းမပေါ်သွားလာနေ ကြသူများထဲတွင် နေ့စားလုပ်သားလေးတွေ၊ လုပ်ခလစာ တစ်ရက်ငါးထောင်မပြည့်သည့် ဝန်ထမ်းလေးတွေ၊ မိဘထံ လက်ဖြန့်တောင်းနေရသည့် လူငယ်လေးတွေ ပါဝင်သည်ကို မမေ့လျော့သင့်။ မှော်ဒေသတွေကို မှီခိုနေရသည့် ကချင်ပြည်နယ်သားများ၏ မိုးရာသီစီးပွားရေး အကျပ်အတည်းကိုလည်း ငဲ့ကွက်သင့်သည်။

ဒါ့အပြင် သူတို့ ဆိုင်ကယ်မောင်းလိုင်စင်ရဖို့က လူကြီးမင်းတို့၏ သားသမီးများလို အိမ်တိုင် ယာရောက် ဘယ်သူမှလာပို့တာမဟုတ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာလည်း နေ့ချင်းပြီး လုပ်လို့ ရတာမဟုတ်၊ လိုင်စင်ရဖို့ အနည်းဆုံး ရက်သတ္တတစ်ပါတ်နဲ့ ဆယ်ရက်လောက်တော့ အနည်းဆုံး အချိန်ပေးစောင့်ဆိုင်းရသည်။
ယာဉ်စည်းကမ်းတွေ လိုက်လံဟောပြောပါသည်၊ ရပ်ကွက်များအတွင်း လိုက်လံ လိုင်စင်ဆောင်ရွက်ပေးပါသည်ဟုဆိုလျင် ထိရောက်သော ဆောင်ရွက်ချက်များဟုတ်မဟုတ် စိစစ်သင့်ပါသည်။ ဆိုင်ကယ်မောင်းခွင့်မရသည့် အရွယ်များရှိရာ စာသင်ကျောင်းများတွင် ပညာပေးခြင်းထက်ပိုသော လုပ်ဆောင်ချက်များ၊ ရပ်ကွက် သားများရောက်ခဲလှသည့် ရပ်ကွက်ရုံး နို့တစ်ဘုတ်၌ ဘယ်နေ့ဘယ်ရက်တွင် ဆိုင်ကယ်မောင်းလိုင်စင်များ ရပ်ကွက်အလိုက် လာလုပ်ပေးပါမည်ဟု စာကပ်ထားခြင်းထက်ပိုသော လုပ်ဆောင်ချက်များကို လုပ်ပြီးမှ လမ်းပေါ်တက်ဖမ်းကြဖို့ ပြည်သူများကိုယ်စား မေတ္တာရပ်ခံလိုပါသည်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here