လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့်လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်

986

မြစ်ကြီးနား၊ သြဂုတ် ၁၀

ကချင်ပြည်နယ်က လော်ဝေါ်အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်၊ မိုးကောင်း၊ ဆော့လော် စသည့် မြို့နယ်(၃)မြို့နယ်မှ မဲဆန္ဒနယ်(၄)နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။

ဆောလော်မြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ ဝိုင်းမော်မြို့နယ်တွင် ပြည်နယ်လွှတ်တော် အမှတ်(၁)နှင့် အမျိုးသားလွှတ်တော်၊ မိုးကောင်းမြို့နယ်တွင် ပြည်နယ်လွှတ်တော်အမှတ် (၂)တို့တွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။
လော်ဝေါ်အမျိုးသားပါတီအနေဖြင့် လောဝေါ်လူမျိုးကို ကိုယ်စားပြုပြီး ကျန်တိုင်းရင်းသား အားလုံး၏ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးများကို ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလခမ်ဒေါင်ခမ်းက ပြောသည်။

“ကျွန်တော်တို့ လော်ဝေါ်အမျိုးသားပါတီ ဆိုတော့ ကျွန်တော်တို့က လော်ဝေါ်အမျိုးသားကိုပဲ ကိုယ်စားပြုပြီးမှ တိုင်းရင်းသားအားလုံးကို ဖွံ့ဖြိုးရေးငြိမ်းချမ်းရေး သော်လည်းကောင်းပေါ့၊ ဦးဆောင်သွားဖို့ ကျွန်တော်တို့က ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့က အမျိုးသားပါတီဆိုတော့ လော်ဝေါ်လူမျိုးကိုတော့ အဓိကထားတာပေါ့”ဟု ပြောသည်။
ကချင်ပြည်နယ်အပြင် ရှမ်းပြည်နယ်၊ ကွန်လုံမြို့နယ်တွင် ပြည်နယ်လွှတ်တော် အမှတ် (၁)၊ အမှတ် (၂)နှင့် ပြည်သူ့လွှတ်တော် များတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက ပြည်သူလူထုတောင်းဆိုသည့် အပေါ် ဦးတည်လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်းလည်း သိရသည်။

အက်စတာ

LEAVE A REPLY

Please enter your comment!
Please enter your name here