“လေ့လာတွေ့ရှိချက်အရ ဖခင်ကျူးလွန်တာ ၅ ဒသမ ၉ ရာခိုင်နှုန်းတောင်ရှိတယ်။ ဖခင်ကျုးလွန်တာက ပထွေးကျုးလွန်တာထက်တောင် ရာခိုင်နှုန်းကပိုများနေသေးတယ်။ အန်တီတို့ လူမျိုးတွေက ယုံလွယ်ကြတယ်။”
မေး။ သက်ငယ်မုဒိမ်းမှုတွေက မြန်မာတစ်နိုင်ငံလုံးမှာသာမကဘဲ ကချင်ပြည်နယ်မှာပါ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာ နေပါပြီ။ ဒီလိုမုဒိမ်းမှုတွေကို ကြီးလေးတဲ့ အပြစ်ဒဏ်ချမှတ်ခဲ့ပေမယ့် တစ်ဖက်မှာ ငွေရေးကြေးရေးကြောင့်ဖြစ်စေ၊ အယူခံဝင်ခြင်း ကြောင့်ပဲဖြစ်စေ ပြစ်မှုကျူးလွန်သူတွေဟာ ထောင်လျှော့ရက်၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နျစ်မပြည့်မီ ပြန်လွတ်လာလို့ ပြစ်မှု ကျူး လွန်သူတွေဟာ နောက်တစ်ကြိမ် ထပ်ကျုးလွန်ဖို့ကြိုးစားလာကြပါတယ်။
ဒါကြောင့် ယခုအစိုးရသစ်လက်ထက် ကချင်ပြည်နယ်လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)မှာ သက်ငယ်မုဒိန်းမှုတွေကို ကြီးလေးတဲ့ပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ် ချမှတ်နိုင်ရေးနှင့် ပညာပေးမှုအစီအစဉ်တွေ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိုးကောင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံက အရေးကြီးအဆိုတစ်ရပ် တင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ ထောက်ခံမှုနဲ့ ပြည်နယ်လွှတ်တော် က အတည်ပြုလိုက်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အများရဲ့ ထောက်ခံမှုနဲ့ အောင်မြင်သွားတဲ့အဆိုနဲ့ ပတ်သက်ပြီး အဆိုရှင်ဒေါ်မြသွေးစံကို မြစ်ကြီးနားသတင်းဂျာနယ်က တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ပါတယ်။
မေး။ ပထမဆုံး သိချင်တာက အဆိုတင်သွင်းဖြစ်တဲ့အကြောင်းလေးပါ။ သက်ငယ်မုဒိမ်းကိစ္စနဲ့ ပတ်သက်တဲ့ အဆိုတင်သွင်းမှု အောင် မြင်သွားတယ်ဆိုတော့ ရှေ့ဆက်လုပ်မယ့် အစီအစဉ် ဘာတွေကျန်သေးလဲ။
ရှေ့ဆက်ပြီးဘာလုပ်ဖို့ ဘာအစီအစဉ်ရှိလဲဆိုတော့ အန်တီတို့ပြည်နယ်ကတော့ တိုက်တွန်းတဲ့အဆို ပေါ့နော်။ ဥပဒေ ပြင်ဆင်ဖို့ကျတော့ ပြည်ထောင်စုကနေလုပ်တာပါ။ ပြည်ထောင်စုမှာလည်းပဲ သူတို့ပြောတာတော့ ဒီသက်ငယ်မုဒိမ်းမှုရော လူသတ်မှုရော နှစ်မျိုးပေါင်းရင် သေဒဏ်ပေးမယ်ပေါ့။ အဲဒါကိုလုံးဝမလျော့ဘူး၊ သေဒဏ်ပဲပေးကိုပေးရမယ်လို့ ပြောပါတယ်။ သက်ငယ်မုဒိမ်းမှုဖြစ်ပွားခဲ့ရင် အစောတုန်းကကျတော့ သေဒဏ်ပေးဖို့ အန်တီတောင်းဆိုတာပေါ့။ သို့သော် အန်တီမေးခွန်းတစ်ခု ပြန်ပြောင်းရတယ်။ ဘာလို့လဲဆိုတော့ ၀န်ကြီးဖြေတာက ဒါက ရာဇသတ်ကြီးပုဒ်မအနေနဲ့ ပြန်ပြင်ရမှာ ဖြစ်တဲ့အတွက်ဆိုတော့ လက်မှတ်ထိုးပြီးပြန်ပြင်ဆင်ရတယ်။ ဘာလဲဆိုတော့ ဒီသက်ငယ်မုဒိမ်းမှုတွေမှာ ထောင်ဒဏ် အနှစ်နှစ်ဆယ်။ ဒါမှမဟုတ် ဆယ်နှစ်နဲ့ ငွေဒဏ်ပါပေါင်းခံစေဆိုပြီးတော့ ရှိထားတယ်။ ဒါပေမယ့်လည်း အခုဖြစ်နေတာက ထောင်ဒဏ်တွေကျတယ်၊ သို့သော် အယူခံဝင်ပြီးပြန်လျှော့လိုက်တယ်။ အယူခံဝင်တော့ နှစ်က ပြန်လျော့သွားရော၊ လျော့တဲ့အပြင်ကို ငွေဒဏ်လည်းမပါတော့ဘူး။ လျော့ပြီးရင် လွတ်ငြိမ်းချမ်းသာမှာ ပြန်ပါတယ်။ သာဓကတွေက ရှိနေတယ်။ ကသာမှာဆိုရင် သူ့သမီးအရင်းကို စော်ကားတယ်။ ပြန်လွတ်လာတော့ ထပ်ကျုးလွန်ဖို့လုပ်တယ်။ သူများပြည်နယ်တွေမှာလည်း ဖြစ်လာတယ် ဆိုရင် ကိုယ်စားလှယ်တွေ ထဲထဲဝင်ဝင် လုပ်သင့်တယ်။
မေး။ တချို့ပညာရှင်တွေက သက်ငယ်မုဒိမ်းကို သေဒဏ်ပေးလိုက်ရင် ကလေးကို မုဒိမ်းကျင့်ပြီးတစ်ခါတည်း သတ်ပစ်လိုက်နိုင်တယ်လို့ သုံးသပ်ခန့်မှန်းနေကြပါတယ်။ အန်တီရဲ့ အမြင်လေးကို သိပါရစေ။
သက်ငယ်မုဒိမ်းမှုတော်တော်များများကတော့ အမှုပေါ်ကြတာများတယ်လို့ အန်တီထင်တယ်။ တရားခံတွေကလည်း မိ တာများတော့ အဲဒီလောက်အထိတော့ ကြိုတင်ပြီးမတွေးထားဘူး။ အခုက နှစ်နှစ် သုံးနှစ်အရွယ်ကလေးတွေပါ ဖြစ်လာတယ်ဆို တော့ သူတို့ဘ၀လေးတွေ အညွန့်တုံးပြီ။ ဒီသုံးသပ်ချက်ကို အရမ်းပြန်ကြည့်နေလို့မရပြန်ဘူး။ သေဒဏ်က ပေးကိုပေးရမယ်။
မေး။ သက်ငယ်မုဒိမ်းကို ထောင်ဒဏ်တွေတိုးမြှင့်ထားတာကို လျော့ကျမသွားတဲ့အပြင် တစ်နှစ်ထက်တစ်နှစ် ပိုပိုများလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။ ဒီလိုအဖြစ်များရတာက ပြည်ထဲရေးဒုဝန်ကြီးနဲ့ ပြောသလို အရက်^မူးယစ်ဆေးဝါးနဲ့ ညစ်ညမ်းကားတွေ အလွယ်တကူရနေလို့ဆိုတဲ့ ဖြေကြားချက်တွေအပ်ါမှာ အန်တီအနေနဲ့ဘယ်လို မြင်ပါသလဲ။
အခုက ညစ်ညမ်းကားတွေအလွယ်တကူရနေတယ်။ ဒီညစ်ညမ်းခွေတွေများလို့ပဲ ဖြစ်လာနိုင်မလား ဆိုပြီးလည်း တွေးမိတယ်။ အန်တီတို့နိုင်ငံမှာ ပြည့်တန်ဆာလုပ်ငန်းတွေ အများကြီးပဲ။ ဖမ်းတာဆီးတာလည်း နည်းတယ်။ ဒီလောက်ထိများနေတဲ့ နေရာတွေမှာ စိတ်အာသာ မဖြေကြဘဲနဲ့ ဘာလို့ဒီလိုကလေးလေးတွေ အပေါ်မှာ ပစ်မှတ်ထားပြီးလုပ်နေကြသလဲဆိုတာ အန်တီပြောတောင် မပြောတတ်တော့ဘူး။
မေး။ ပြည်ထောင်စုလွှတ်တော်မှာ သက်ငယ်မုဒိမ်းကိစ္စနဲ့ ဆွေးနွေးခဲ့ကြတယ်။ တကယ်လျော့ကျဖို့ဆိုတာတွေ အဓိကလုပ်ဖို့ ဘာတွေ လိုအပ်မယ်လို့ထင်ပါသလဲ။
အဓိကကတော့ မိဘတွေကို ပညာပေးသင့်တယ်လို့ အန်တီထင်တယ်။ ဘာလို့လဲဆိုတော့ အန်တီတို့ဆီမှာဖြစ်သွားတဲ့ ကိစ္စဟာ အမေက တရုတ်ပြည်ကို ခရီးထွက်သွားတယ်။ ဖအေနဲ့သားသမီးတွေပဲ ကျန်ထားတယ်။ ကျုးလွန်တဲ့သူကလည်း ဗမာ ဆေးဆရာပဲ။ အဲဒီအခါကျတော့ မိဘတွေကလည်း သိပ်ပြီး သတိမထားမိဘူး။ အမှတ်တမဲ့ မိဘတွေက နေတော့ ဖြစ်ရော။ ဘယ်လောက်ပဲရင်းနှီးနေပါစေ မိဘတွေအနေနဲ့ ကိုယ့်သားသမီးကို လွှတ်မထားသင့်ဘူး။ လေ့လာတွေရှိချက်အရ ဖခင်ကျူး လွန်တာ ၅ ဒသမ ၉ ရာခိုင်နှုန်းတောင်ရှိတယ်။ ဖခင်ကျုးလွန်တာက ပထွေးကျုးလွန်တာထက်တောင် ရာခိုင်နှုန်းက ပိုများ နေသေးတယ်။ အန်တီတို့ လူမျိုးတွေက ယုံလွယ်ကြတယ်။ ဘာဖြစ်ဖြစ်အဒေါ်အိမ်မှာပဲအပ်ထားခဲ့မယ် ဆိုရင်တောင်မှ ဦးလေးရန်က ကြောက်ရတယ်။ အယုံအကြည်မထားဖို့တော့ မိဘတွေကို နည်းနည်းလေးတော့ ပညာပေးရမယ် ထင်တယ်။
မေး။ အန်တီရဲ့ အဆိုမှာ နယ်လုံဝန်ကြီးဗိုလ်မှူးကြီး သူရမျိုးတင် ပြန်ဖြေတာလေး တစ်ခုသတိထားမိပါတယ်။ ကချင်ပြည်နယ်မှာ သက် ငယ်မုဒိမ်းတွေ လျော့ကျစေဖို့ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ၊ အသိပညာပေးဟောပြောပွဲတွေကို ခရိုင်အလိုက် လုပ်ဆောင်ခဲ့ တယ်လို့ပြောပါတယ်။ အန်တီအနေနဲ့ အဲဒီဖြေကြားချက်အပေါ်ကျေနပ်အားရမှုရှိရဲ့လား။ တကယ်ပဲလုပ်ပေးခဲ့တယ် လို့ ထင်ပါသလားခင်ဗျ။
အဲဒီနေ့ကပြောသွားတာ မကျေနပ်ဘူး။ အန်တီအနေနဲ့ အတိုက်အခံပြောလို့ သိပ်မကောင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်တီတို့ မြို့နယ်မှာ ရှိမှမရှိခဲ့တာကိုး။ ဒီလက်ကမ်းစာစောင်တွေ ဈေးနားမှာပေးတယ်ဆို အန်တီတို့လည်း ဈေးနားမှာနေတာ သိရမှာပေါ့။ ဘယ်နားမှာသွားဝေတာလဲ၊ ဘယ်လိုမျိုးနေရာတွေမှာသွားဝေတာလဲ၊ မြစ်ကြီးနားမြို့မှာဝေတာမျိုးလား၊ ဗန်းမော်မြို့မှာပဲ ဝေတာ လားပေါ့။ အန်တီတို့အချင်းချင်းပြောကြတော့ သူတို့ဝေတယ်ဆိုရင် ဒီလိုလက်ဆင့်ကမ်းလုပ်မယ်ဆိုရင် ပြောပြသင့်တာပေါ့နော်။ အန်တီတို့လည်းပါဝင်ပြီးမှ လုပ်ချင်တာပေါ့။ ကျေးလက်ဒေသတွေမပြောနဲ့ အန်တီတို့မြို့နယ်အထိတောင်မှ ဒီနှစ်နှစ် သုံးနျစ်အ တွင်းမှာ တစ်ခေါက်မှ ဝေတယ်လို့မကြားဖူးဘူး။
မေး။ နာက်ထပ်မေးခွန်းတစ်ခုမေးချင်တာက ဘယ်လိုလူမျိုးတွေက သက်ငယ်မုဒိမ်းကျူးလွန်မှုတွေ များနေသလဲ။
ဖြေ။ သက်ငယ်မုဒိမ်းကျုးလွန်သူတွေက လူကြီးပိုင်းတွေအဖြစ်များတယ်။ အသက် ၄၀ နဲ့အထက်တွေ ပိုကျုးလွန်ကြတယ်။ ဉာဏ်ရည်မမီတာတွေလည်း ပါပါတယ်။ မိုးကောင်းမှာဖြစ်ခဲ့တဲ့ အမှုက ကျုးလွန်တဲ့သူက သိပ်ပြီးကျပ်မပြည့်ဘူး။
မေး။ သက်ငယ်မုဒိမ်းမှုတွေကို ကာကွယ်ဖို့ ဘာတွေလိုအပ်တယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာ နောက်ဆုံးအနေနဲ့ ပြည်သူတွေသတိ ထားလို့ရအောင် ပြောပြပေးပါဦး။
ပြည်သူတွေကိုဘာပြောချင်သလဲဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်သားသမီးကို ကိုယ်ထိန်းရမှာက ကိုယ့်တာဝန်ပဲ။ အချို့ကျတော့လည်း အကြောင်းပြကြတယ်။ စီးပွားရေးအဆင်မပြေလို့ ဂရုမစိုက်နိုင်ဘူးဘာညာပေါ့။ အဲဒီလိုတွေတော့ မလုပ်ကြပါနဲ့။ ကိုယ့်မိသားစုလေးကို ထိန်းထိန်းသိမ်းသိမ်းစောင့်ရှောက်ကြပြီးမှ လုပ်ကြပါလို့ ပြောချင်ပါတယ်။ ဒါက လူ့ပတ်ဝန်းကျင်မှာပါ မ ကောင်းတဲ့၊ ခေါင်းဖော်လို့မရတဲ့ အလုပ်ကြီးဖြစ်နေတော့ ကျုးလွန်မယ့်သူတွေကလည်း စဉ်းစဉ်းစားစားလုပ်ကြပါလို့ အန်တီပြော ချင်ပါတယ်။
စည်သူ(မြစ်ကြီးနား)







