သမ္မတသစ်အပေါ် လွှတ်တော်ကိုယ်စားလှယ်များရဲ့အမြင်

1399
U Win Myint
သမ္မတ ဦးဝင်းမြင့်

ဦးဇော်မိုးနော်

ပြည်နယ်လွှတ်တော်

အင်ဂျန်းယာန်မြို့နယ် မဲဆန်္ဒနယ်အမှတ် (၁)

 

ဦးဇော်မိုးနော် ပြည်နယ်လွှတ်တော် အင်ဂျန်းယာန်မြို့နယ် မဲဆန်္ဒနယ်အမှတ် (၁)
ဦးဇော်မိုးနော်

အခုသမ်္မတအသစ်အပေါ်မှာက ကျွန်တော်အများကြီးကြိုဆိုတယ်။ အားလည်းရတယ်။ ဘာကြောင့်ဆိုတော့ စကားပြောတဲ့နေရာမှာလည်း ပြတ်ပြတ်သားသားပြောတယ်၊ ပြီးတော့မှ ပြတ်ပြတ်သားသား နိုင်ငံတော်ရဲ့တာဝန်ကို ကိုင်တွယ်ဆုံးဖြတ်သွားမယ့်ပုဂိ္ဂုလ်ဖြစ်တယ်ဆိုတာကို ကျွန်တော်က ခံယူပါတယ်။ ဦးဝင်းမြင့် အခုလက်ရှိသမ္မတ သူလွှတ်တော်ဥက်္ကဋ္ဌလက်ခံတဲ့အချိန်မှာ အဲ့ဒီပြည်သူ့လွှတ်တော် အခမ်းအနားမှာတက်တယ်။ တက်တဲ့အခါကျတော့ သူတို့လုပ်ငန်းအလွှဲအပြောင်း လက်ခံတဲ့အခါမှာ ပြောတဲ့စကားသည် အခုသူသမ္မတရာထူးလက်ခံတဲ့အချိန်မှာ ပြောတဲ့မိန့်ခွန်းသည် ကျွန်တော်တို့ကြားရခြင်းအားဖြင့် တော်တော်အားရတယ်။ နိုင်ငံတော်ရဲ့တာဝန်ကို ယခင်ကထက်တော့ ထူးခြားမှုရှိလာမယ် ကိုင်တွယ်နိုင်သွားမယ်၊ အပြောင်းအလဲတစ်ခုတော့ အရွေ့တစ်ခုတော့ ရောက်သွားမယ်လို့ မြင်တယ်။

 

 

ဒေါ်ဂျေထုရော်

ပြည်နယ်လွှတ်တော်

ဆွမ်ပရာဘွမ်မြို့နယ်မဲဆန်္ဒနယ်အမှတ် (၁)

 

ဒေါ်ဂျေထုရော် ပြည်နယ်လွှတ်တော် ဆွမ်ပရာဘွမ်မြို့နယ်မဲဆန်္ဒနယ်အမှတ် (၁)
ဒေါ်ဂျေထုရော်

သမ္မတအသစ်တက်တာက အစစအရာရာကောင်းလာမှာပေါ့။ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့မြန်မာနိုင်ငံကို အဂတိလိုက်စားမှုတွေကအစ အကုန်လုံး ပြုပြင်ပြောင်းလဲသွားမှာပဲလို့ ယူဆပါတယ်။

 

 

 

 

ဦးဇော်ဝင်း

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်

တနိုင်းမြို့နယ် မဲဆန်္ဒနယ်အမှတ်(၂)

 

ဦးဇော်ဝင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တနိုင်းမြို့နယ် မဲဆန်္ဒနယ်အမှတ်(၂)
ဦးဇော်ဝင်း

အပြောင်းအလဲတစ်ခုကတော့ ပိုမြန်မြန်ဆန်ဆန်ဖြစ်လာမှာပေါ့။ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေရော ပြည်ထောင်စုအစိုးရအဆင့်အဖွဲ့တွေရော နည်းနည်းမောင်းနှင်အားနည်းနေတာပေါ့။ ကျွန်တော့်အနေနဲ့ပြောရရင်တော့ သမ်္မတအသစ်ရဲ့မောင်းနှင်အားကြောင့်  ပိုမိုမြန်ဆန်လာမှာပေါ့။ အထူးသဖြင့်တော့ တိုင်းဒေသကြီးပြည်နယ်တွေမှာ မလုပ်၊ မရှုပ်၊ မပြုတ်ဝန်ကြီးတွေရော မလုပ်၊မရှုပ်၊ မပြုတ်ဝန်ကြီးတွေအတွက်ရော၊ ဒါဟာ ပိုကောင်းလာမယ့်အလားအလာလို့ပြောလို့ရတာပေါ့။ နိုင်ငံတော်သမ်္မတကြီးဦးထင်ကျော်ဆင်းသွားတဲ့အခါမှာ နှုတ်ထွက်ခွင့်တောင်းပြီး ဆင်းသွားတာပေါ့။ အပြောင်းအလဲတစ်ခုမှာ ပြည်သူကို အာဏာကိုမမက်မောတဲ့ပုံစံနဲ့ Message ပေးပြီးဆင်းသွားတာ။

 

 

ဒေါက်တာခင်မကြီး

မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

ဒေါက်တာခင်မကြီး မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာခင်မကြီး

ကျွန်မတို့က သူလုပ်ရမယ့်တာဝန်တွေကို    ပိုပြီးအောင်အောင်မြင်မြင် ကောင်းကောင်းမွန်မွန်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ကိုမဲပေးခဲ့ကြတာပါ။ ဒါကတော့ အတတ်နိုင်ဆုံးဖြစ်အောင်ကတော့ အခုသမ်္မတကြီးဦးဝင်းမြင့်ရော ကျွန်မတို့ကျန်တဲ့ဒီအစိုးရအဖွဲ့တွေရော လွှတ်တော်အနေနဲ့ရော ၀ိုင်းဝန်းပြီးတော့ ကြိုးပမ်းဆောင်ရွက်သွားကြမှာပါ။ အောင်မြင်မယ်၊ မအောင်မြင်မယ်ဆိုတာကတော့ ကိုယ့်ဘက်ကတော့ အောင်မြင်အောင်လုပ်မယ် အခက်အခဲတွေကို အတက်နိုင်ဆုံးဖြစ်အောင် ကျော်လွှားနိုင်အောင်တော့ လုပ်ကြမယ် အောင်မြင်အောင် ကြိုးစားသွားကြပါမယ်။

 

 

ဆန်လတ်

LEAVE A REPLY

Please enter your comment!
Please enter your name here