အခက်အခဲများကြးက ချီဖွေပြည်သူများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်နေဆဲ

605

ဧပြီ-၉

သတင်းအမှောင်ချခံရသော်လည်း ချီဖွေမြို့ပြည်သူများမှ စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆက်လက်ထုတ်ဖော်နေဆဲဖြစ်သည်ဟု သိရသည်။

တောင်တန်းဒေသ ဖြစ်သည့် ချီဖွေမြို့တွင် WiFi အင်တာနက်များ မရှိသည့် အပြင် တီဗွီရုပ်သံလိုင်းအချို့လည်း ပိတ်ပင်ထားခြင်းကြောင့် လှုပ်ရှားမှုပြုလုပ်ရန် စိုးရိမ်ကြောင်း ချီဖွေ ဒေသခံတစ်ဦးက ပြောသည်။

“အင်တာနက်လိုင်းလည်း မရဘူး ။ တီဗွီလိုင်းတွေ ပြန်ပိတ်လိုက်ပြီဆိုတော့ ကျွန်မတို့ဘက်က ဖုန်းလိုင်းတစ်ခုဘဲ ကျန်တော့တာပေါ့ ။ မြို့ပေါ်လည်းမဟုတ်ဘူး။ တောင်တန်းဒေသဆိုတော့ ဝိုင်ဖိုင်တွေလည်း မရှိဘူး။ ဒါမျိုးဆိုတော့ လှုပ်ရှားဖို့လည်း နည်းနည်းတော့ ကြောက်တာပေါ့နော်။ စိုးရိမ်တာ လိုင်းမရှိဘူး သတင်းအမှောင်ချခံရတာ ဆိုတော့။”ဟုပြောသည်။

လက်ရှိအချိန် ချီဖွေပြည်သူများမှ ပြောက်ကျားသပိတ်ဖြင့် ဆန္ဒ ထုတ်ဖော်လျက်ရှိပြီး ၎င်းတို့၏ အခြေအနေများကိုလည်း ဒေသခံက ဆက်လက်ဆိုသည်။

ဧပြီလ (၇) ရက်နေ့က ညသပိတ်ပြုလုပ်နေသည့်မြင်ကွင်း

 

” ချီဖွေက လူနည်းစုပဲဆိုတော့ ပြည်သူတွေက ပြောက်ကျားသပိတ်လိုမျိုး ထုတ်ဖော်နေကြပါတယ်။ နေ့တိုင်းကြီးတော့ မဟုတ်ဘူး။ ပြည်သူတွေတိုင်ပင်ပြီး တစ်ပတ်မှာ လေးရက် ငါးရက် တစ်ပါတ်နီးပါးပေါ့နော်။ အဲဒီလိုမျိုး လုပ်ကြပါတယ်။ ဖြိုခွင်းခံရတာတော့ မရှိသေးဘူး။ ဒီအတိုင်း လူစုခွဲပေးဖို့ လာပြောတာမျိုးရှိတယ်။ အသားထဲကလောက်ထွက် ဒါမျိုးလူတွေရှိတယ်ပေါ့နော်။ ပြည်သူတွေ ဆန္ဒပြဖို့ နေရာရွေးလိုက်ပြီ ဘယ်နေရာလူစုမယ်ပြောလိုက်ပြီ ဆိုတာနဲ့ ရဲတွေက ကျွန်မတို့ မရောက်ခင်ကတည်းက သူတို့အရင်ရောက်တာပေါ့နော် ဒါမျိုးတွေ ကြုံရတယ်။ “ဟုပြောသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ချီဖွေမြို့ ပြည်သူများမှ အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ- ဧပြီလ (၇) ရက်နေ့က ချီဖွေမြို့တွင် ညသပိတ်ပြုလုပ်ခဲ့သည့် မြင်ကွင်း

LEAVE A REPLY

Please enter your comment!
Please enter your name here