အင်းတော်ကြီးဒေသ၊ မိုင်းနောက်ကျေးရွာအုပ်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား

407
စစ်ကောင်စီ-တပ်ဖွဲ့များ

ဇွန်၊၁၀

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ နမ့်မွန်းမြို့နယ်၊ မိုင်းနောင်ကျေးရွာအုပ်စုအတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုံးတုံကျေးရွာမှ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့များသည် မိုင်းနောင်ကျေးရွာအနောက်ဘက် ကျောက်ဆင်ကုန်းနေရာတွင် ဇွန်လ (၁၀)ရက်နေ့၊ နေ့လယ် (၁၂) နာရီခန့်မှ မွန်းလွဲ (၁)နာရီခန့်လောက်ထိ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

တလောက ဖားကန့်ကဆင်းလာတဲ့သူတွေ လုံးတုံမှာရှိနေတာ။ ကျွန်တော်တို့ မနေ့က ကြားထားတာက အခု KIA တွေနေရာယူထားတဲ့နေရာမှာ လုံးတုံတပ်ရင်းမှူးက ရွှေမှော်ဖွင့်မယ်လို့ ပြောတာတဲ့။ ၁၂ နာရီ သုံးလေးမိနစ်လောက်က ဖြစ်တာ။ တစ်နာရီလောက် ပစ်ခတ်နေကြတာဟုတ်တယ်။ စစ်ကောင်စီတပ်တွေကတော့ လုံးတုံဘက်ကို ပြန်ဆုတ်သွားပြီပြောတယ်။ အထိအခိုက်က မကြားရသေးဘူး။”ဟု ဒေသခံကဆိုသည်။

အင်းတော်ကြီးဒေသအတွင်း ရွှေတူးဖော်မှုလုပ်ငန်းများ စတင်လုပ်ဆောင်ချိန်မှစပြီး လက်ရှိအချိန်ထိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ရွှေတူးဖော်ခြင်း ပိတ်ပင်ထားသည့် နေရာတွင် လုံးတုံစစ်ကောင်စီတပ်ရင်းမှူးမှ ရွှေမှော်ဖွင့်လှစ်မည်ဟု ပြောဆိုသံများ ကြားရကြောင်းလည်း ဒေသခံဆိုသည်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း ဖားကန့်မှ တပ်ချိန်းဝင်ရောက်လာပြီး လှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ မိုင်းနောင်တွင် တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ထိခိုက်ကျဆုံးမှုကို အတိအကျ မသိရှိရသေးပါ။

ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here