မြန်မာနိုင်ငံ၏ အင်အားအတောင့်တင်းဆုံးနှင့် သြဇာအကြီးမားဆုံးသော တိုင်းရင်းသားလက်နက် တပ်ဖွဲ့များတွင်အပါအ၀င်ဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းတချို့သည် မကြာသေးမီက ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်တင်မြောက်လိုက်ပြီး အဆိုပါခေါင်းဆောင်သစ်မှာ ဖက်ဒရယ်ပြည်ထောင်စုအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ကာလကြာရှည်စွာ လက်နက်စွဲကိုင်ရုန်းကန်နေရခြင်းများအတွက် အနောက်တိုင်းနိုင်ငံတို့၏ ထောက်ထားညှာတာမှုကို ရယူရန်၊ စိတ်ထက်သန်မှုရှိပုံမရသည့်အပြင် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ပိုမိုအလေးထားလာမည့်သူလည်း ဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် အသက်ခုနှစ်ဆယ်အရွယ်ရှိ ဗိုလ်ချုပ်ကြီးအင်ဘန်လအား အဖွဲ့ဥက္ကဋ္ဌအသစ်အဖြစ်ဇန်န၀ါရီလအတွင်း ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကေအိုင်အေသည် တရုတ်နိုင်ငံနှင့်နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော နိုင်ငံမြောက်ဖျားဒေသများတွင် မြန်မာ့တပ်မတော်နှင့်တိုက်ပွဲများ အပြင်းအထန်ဆင်နွှဲလျှက်ရှိသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ ဦးဆောင်မှုအောက်ရှိ ကချင်လက်နက်ကိုင်ဆန့်ကျင်ရေးလှုပ်ရှားမှုသည် မြန်မာနိုင်ငံ၏အင်အားအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်၊ တရုတ်နိုင်ငံလုံခြုံရေး တပ်ဖွဲ့များနှင့်လည်း ရင်းနှီးသောဆက်ဆံရေးကောင်းများ ထိန်းသိမ်းထားနိုင်သည့် ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်မဟာမိတ်ဖြစ်မြောက်ရေး ပုံဖော်ထုဆစ်လာခဲ့သည်။
ကေအိုင်အေသည် UWSA ဦးဆောင်ဖွဲ့စည်းပြီး ရှမ်း၊ကိုးကန့်၊တရုတ်၊ တအာင်းလည်းဖြစ်၊ ရှမ်းပြည်နယ်အရှေ့မြောက်လူနည်းစု လက်နက်ကိုင်တပ်များပါဝင်သော မဟာမိတ်အဖွဲ့အစည်းတစ်ရပ် လည်းဖြစ်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးအကြံပြုရေးကော်မတီ (Federal Political Negotiating and Consultative Committee- FPNCC) သို့ ပြီးခဲ့သည့်နှစ်အတွင်းက ၀င်ရောက်ခဲ့သည်။
FPNCC သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ ၈၀ရာခိုင်နှုန်းကို ကိုယ်စားပြုထားသည့်အပြင် တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံပြုမှုများကိုလည်း ရရှိထားသည်ဖြစ်ရာ ဘေဂျင်းအစိုးရသည် မြန်မာအာဏာပိုင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော ပဋိပက္ခများအတွင်း အဓိကကျသော ပါဝင်ဆွေးနွေးသူဖြစ်လာခဲ့သည်။ အချို့ကမူ တစ်ဦးတည်းသောပါဝင်ဆွေးနွေးသူအဖြစ် ဆိုကြပေသည်။ FPNCC ၏ ပထမဆုံးသောဥက္ကဋ္ဌမှာ UWSA ခေါင်းဆောင် ပေါက်ယူချန်း(Pao Youxiang)ဖြစ်ပြီး၊ ဗိုလ်ချုပ်ကြီးအင်ဘန်လအား ကေအိုင်အေခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ခြင်းမပြုမီအပ်နှင်းထားသည့်ရာထူးဖြစ်သည်။
Asia Times သတင်းစာစောင်နှင့် တွေ့ဆုံခန်းတစ်ရပ် ပြုလုပ်ရာ၌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၀ တို့ဦးဆောင်သောမဟာမိတ်ညွှန့်ပေါင်းအဖွဲ့သို့ကေအိုင်အေအဖွဲ့ ၀င်ရောက်ပြီးနောက်ပိုင်းတွင် ကချင်-တရုတ်ဆက်ဆံရေး အခြေအနေမှာ ပိုမိုလွယ်ကူပြေပြစ်လာကြောင်း ပြောကြားခဲ့သည်။
“အခုဆိုရင် ကျွန်တော်တို့လူမျိုးတွေ တရုတ်ပြည်ဘက်ကိုအရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် ၀င်ထွက်သွားလာလို့ရနေပါပြီ”ဟု သူကဆိုသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ကေအိုင်အေ ထိန်းချုပ်ဒေသအတွင်းရှိ IDP (Internally Displaced Persons) ဒုက္ခသည်စခန်းများ၌ ပင်ပန်းကြီးစွာ နေထိုင်လျှက်ရှိကြသော ထောင်သောင်းချီသည့် အရပ်သားများထံသို့ တရုတ်နိုင်ငံဘက်အခြမ်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ကာ၊ စားရေးရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နိုင်မည့် အရိပ်အယောင်များကိုပင် မြင်တွေ့နေရပြီဖြစ်သည်။ သို့ရာတွင် ယခုအချိန်တိုင်သည်အထိ နယ်မြေဖြတ်ကျော်ထောက်ပံ့ပေးပို့မှုများကို တင်းကြပ်စွာကန့်သတ်စိစစ်ထားဆဲပင် ဖြစ်သည်။
အဆိုပါ IDP စခန်းများထံနိုင်ငံတကာအေဂျင်စီများကလူသားချင်းစာနာထောက်ထားသော အထောက်အပံ့များပေးပို့ရေးကို မြန်မာအစိုးရနှင့်တပ်မတော်က ယခုအခါပိတ်ပင်ထားလျှက်ရှိသည်။ တစ်ချိန်တည်းမှာပင် ကချင်တို့အနေဖြင့် ဗိုလ်ချုပ်ကြီးအင်ဘန်လလက်ထက်မတိုင်မီ၊ ယခင်ခေါင်းဆောင်များက ချစ်ကြည်ရင်းနှီးမှုထားရှိရန် ရည်ရွယ်ထားခဲ့သော အနောက်နိုင်ငံများ၊ အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့အား ပတ်သက်ဆက်ဆံခြင်းမပြုကြရန် တရုတ်လုံခြုံရေးတပ်ဖွဲ့ဘက်က ပြောကြားမှုများရှိကြောင်းလည်း အခြားသတင်းရင်းမြစ်တစ်ရပ်အားဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ အခြားသောတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများစု နည်းတူကချင်တို့အနေဖြင့် လက်မခံနိုင်သောအချက်မှာ ယခင်သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်ကစတင်လာခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိရွေးကောက်ခံအစိုးရက ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA)တွင် ပါဝင်လက်မှတ်ရေးထိုးရေးကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးသို့ ဦးတည်မည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် မရှိမဖြစ်လိုအပ်ချက်အဖြစ် သတ်မှတ်ထားခြင်းပင် ဖြစ်သည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်ပြန်ကြေညာချက်အရ NCA စာချုပ်တွင် ကနဦးပါဝင်လက်မှတ်ရေးထိုးခဲ့ကြသော အစုအဖွဲ့ရှစ်ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့(DKBA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) စသောအစုအဖွဲ့သုံးဖွဲ့တွင်သာ လက်နက်ကိုင်တပ်ဖွဲ့အသီးသီးရှိကာ ကျန်ငါးဖွဲ့မှာမူ အစိုးရနှင့် မသက်ဆိုင်သောအဖွဲ့အစည်းများ (NGOs) အလားသာ ရှိပေသည်။
ဇန်န၀ါရီလ ၂၃ ရက်နေ့တွင်မူ မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့က NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် သဘောတူညီထားပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုလက္ခဏာတစ်ရပ်အဖြစ် အစိုးရက ဂုဏ်ယူစွာ ထုတ်ပြန်ကြေညာခဲ့သည်။ NMSP အနေဖြင့်လက်နက်ကိုင်တပ်ဖွဲ့တစ်ရပ်အနေနှင့် နယ်မြေစိုးမိုးမှုရှိသော်လည်း LDU မှာမူ လက်နက်ကိုင်တပ်ဖွဲ့လည်းမရှိ၊ နယ်မြေစိုးမိုးမှုလည်းမရှိဘဲ ထိုင်းနိုင်ငံအခြေစိုက် NGO တစ်ရပ်အဖြစ်သာဆီလျော်အောင် ဖော်ပြခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မည်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စေ့စပ်ညှိနှိုင်းရေးတို့ကိုမျှ မဆောင်ရွက်မီယင်းတို့၏ လက်နက်များကိုစွန့်လွှတ်ကြရမည်ဖြစ်ကြောင်း မြန်မာ့တပ်မတော်က ကာလကြာရှည်တောင်းဆိုလာသည်ဖြစ်သည့်အလျောက် NCA စာချုပ်သည် လက်နက်စွန့်လွှတ်ရေးနှင့် တစ်သဘောတည်းပင်ဖြစ်သည်ဟု တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့အများစုက တောင်းဆိုထားသောဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတိုင်းအတာအား ထည့်သွင်းဖော်ပြထားခြင်းမရှိသည့်၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်ကိုင်စွဲထားရန်လည်း မြန်မာ့တပ်မတော်က ကတိက၀တ်ပြုထားပေသေးသည်။
ခရစ်ယာန်ဘာသာဝင်များအဓိကလွှမ်းမိုးသည့် ကေအိုင်အေအဖွဲ့အနေဖြင့် ယင်းတို့၏ တောင်းဆိုချက်ဖြစ်သော အစိုးရနှင့်သော်လည်းကောင်း၊ တပ်မတော်နှင့် သော်လည်းကောင်းမည်သည့် စည်းနှောင်မှု သဘောတူညီချက်မျိုးမျှမပြုလုပ်မီ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေးအတွက် အနောက်နိုင်ငံတို့၏ ထောက်ခံမှုရရှိစေရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ပြီးဖြစ်သည်။
NCA ကို စတင်ကြေညာခြင်းမပြုမီ တစ်နှစ်ကျော်အလျင် ၂၀၁၄ ခုနှစ် ဧပြီလအတွင်း၌ ကေအိုင်အေအဖွဲ့၏ထင်ရှားသော ခေါင်းဆောင်တစ်းဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က ၀ါရှင်တန်မြို့တော်အထိပင် သွားရောက်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြီးတန်းအရာရှိကြီးများနှင့် သွားရောက်တွေ့ဆုံခဲ့ပေသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုများက အားရကျေနပ်ဖွယ်ကြီးကြီးမားမားတစ်စုံတစ်ရာထွက်ပေါ်လာခြင်းမရှိခဲ့ဘဲ မြန်မာနိုင်ငံ၏ ယိမ်းယိုင်နေသောငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဒေါ်လာသန်းပေါင်းများစွာကို မကြာသေးမီကပင် ထည့်ဝင်လှူဒါန်းပေးခဲ့သည်။ အလှူရှင်အနောက်နိုင်ငံလူမှုအသိုက်အ၀န်းက ကချင်တို့အားဃြဗ တွင် ပါဝင်လက်မှတ်ရေးထိုးရန်သာ ဆက်လက်ဖိအားပေးလာသည်။
အထူးသဖြင့် ကချင်လူထုအကြား၌ ထင်ပေါ်ကျော်ကြားမှုအပေါ် ကြည်နူးသာယာသည့် ဗိုလ်ချုပ်ဂွမ်မော်မှာ ထိုနောက်ပိုင်း ၂၀၁၆ ခုနှစ်အစောပိုင်းကာလအတွင်း သူ၏ကေအိုင်အေ ဒုတိယဦးစီးချုပ်ရာထူးမှ ကချင်လွတ်မြောက်ရေးကောင်စီ(KIC)၏ ဒုတိယဥက္ကဋ္ဌအဖြစ်သို့ ရာထူးပြောင်းရွှေ့ခြင်းခံခဲ့ရသည်။ KIC မှာကချင်လက်နက်ကိုင် ဆန့်ကျင်ရေးလှုပ်ရှားမှု၏ သြဇာအာဏာမရှိလှသော စီမံခန့်ခွဲမှုဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။
အခြားသော လက်နက်ကိုင်တပ်ဖွဲ့များက ယင်းတို့အသီးသီး၏ သက်ဆိုင်ရာလူမျိုးစု အသိုက်အ၀န်းတွင် အမြစ်တွယ်သည်ထက် ကေအိုင်အေက သာလွန်မြဲမြံစွာ အမြစ်တွယ်လျက်ရှိသည်။ အရေးကြီးဆုံးဖြတ်ချက်များကို ချမှတ်ရာ၌လူမှုအဖွဲ့အစည်းများနှင့် ဦးစွာတိုင်ပင်ခြင်းမရှိဘဲ ချမှတ်နိုင်ခြင်းမရှိပေ။ ကချင်တို့အထဲတွင် သြဇာအာဏာအကြီးမားဆုံးသော အဖွဲ့အစည်းမှာ Kachin Baptist Convention(KBC) ခေါ် ကချင်နှစ်ခြင်းအသင်းတော်ပင် ဖြစ်သည်။
NCA ကို ထုတ်ပြန်ကြေညာခြင်းမပြုမီ ၂၀၁၅ ခုနှစ်စက်တင်ဘာလအတွင်း KBC က ကြေညာချက်တစ်ရပ်ထုတ်ပြန်ကာ ကေအိုင်အေအနေဖြင့် နိုင်ငံရေးအရ အာမခံချက်များမရရှိသေးဘဲ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုရန် တိုက်တွန်းခဲ့သည်။ လက်ရှိအခြေအနေတွင် လက်နက်စွန့်လွှတ်ရေး ကို ဆန့်ကျင်ကြောင်းလည်း KBC က ဖော်ပြခဲ့သည်။
ကချင်တို့အကြားတွင် သြဇာအာဏာအကြီးမားဆုံးသော လူမှုအဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် KBC က ကေအိုင်အေအနေဖြင့် အစိုးရထံမှ ခိုင်မြဲသော ကတိက၀တ်နှင့်နိုင်ငံရေးဆွေးနွေးပွဲအချိန်ဇယားမရရှိဘဲ၊ ၁၉၉၄ ခုနှစ်ကကဲ့သို့အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့သည့်အမှားမျိုး ထပ်မံဖြစ်ပေါ်စေလိုခြင်းမရှိပေ။
ထိုစဉ်က ရေးထိုးခဲ့သောအပစ်အခတ်ရပ်စဲရေး၊ သဘောတူညီချက်မှာ တပ်မတော်က တရုတ် နယ်စပ်ဒေသအနီးနှင့် ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အေစခန်းများ ရှမ်းပြည်နယ်မြောက်ဖျားပိုင်းရှိ ကချင်တို့နေထိုင်ရာဒေသများအား တစ်ဖက်သတ်ထိုးစစ်ဆင်နွှဲခဲ့သည်။ ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် ပျက်ပြယ်သွားခဲ့ရသည်။
တရုတ်တို့က ကချင်နှင့်အနောက်နိုင်ငံများရှိ ခရစ်ယာန်ဝတ်ကျောင်းများနှင့် အခြားသောဘာသာရေး၊ အရပ်ဘက်၊နိုင်ငံရေးအဖွဲ့အစည်းများအကြား ဆက်စပ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုအနည်းငယ်ရှိနေဆဲဖြစ်သည်ကိုဗိုလ်ချုပ်ကြီးအင်ဘန်လက ၀န်ခံခဲ့သည်။ သို့ရာတွင် FPNCC သို့ ၀င်ရောက်ရန်၊ ကေအိုင်အေ၏ ဆုံးဖြတ်ချက်က ဘေဂျင်းအစိုးရ၏ စိုးရိမ်ပူပန်မှုကို အထိုက်အလျောက်ဖြေလျော့ပေးနိုင်ခဲ့ဟန် ရှိပေသည်။
FPNCC ၏ အခြားသောအဖွဲ့ဝင်ခြောက်ဖွဲ့မှာ ခိုင်မာသောပြည်ပအဆက်အသွယ်မရှိပေ။ ထိုအချက်အား UWSA အနေဖြင့် တရုတ်တို့ထောက်ပံ့ထားသော လက်နက်များကိုအခြားသော တိုင်းရင်းသားတပ်ဖွဲ့ဝင်များထံသာမျှဝေပေးခဲ့ပြီး ကချင်တို့အား ယခုအချိန်ထိ လက်နက်မျှဝေခြင်းမရှိသည့် အဖြစ်ကို ရှင်းလင်းစေသည်။ လက်နက်လွှဲပြောင်းပေးအပ်မှုများကို တရုတ်လုံခြုံရေးတပ်ဖွဲ့၏ နားလည်မှုဖြင့်ပေးသောအတည်ပြုချက်မပါရှိဘဲ ဆောင်ရွက်၍မရကြောင်းလေ့လာဆန်းစစ်သူတို့က ဆိုကြသည်။ ကေအိုင်အေအနေဖြင့် UWSA မှတစ်ဆင့် တရုတ်တို့ထောက်ပံ့သောလက်နက်များကို လက်ခံရယူခွင့်ရှိလာမည်ဆိုသည်မှာ စောင့်ကြည့်ရမည့်အချက်တစ်ရပ်အဖြစ် ကျန်ရှိနေပေသေးသည်။
အခြေအနေအရပ်ရပ်မှာ ယခင်နှင့်မတူသည့် ကချင်ခေါင်းဆောင်သစ်တစ်ဦးအဖြစ် အများကရှုမြင်သုံးသပ်ထားသည့် ဗိုလ်ချုပ်ကြီးအင်ဘန်လအပေါ်တွင်သာ မူတည်ပေသည်။ ကျန်းမာရေးအကြောင်းပြချက်ဖြင့် နှုတ်ထွက်သွားသော ကေအိုင်အိုဥက္ကဋ္ဌဟောင်း ဦးဇောင်းခရားသည် တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီးကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အစိုးရအရာရှိတစ်ဦးအဖြစ် အမှုထမ်းခဲ့ဖူးသူဖြစ်သည်။
ကေအိုင်အိုဥက္ကဋ္ဌဟောင်းနောက်တစ်ဦးဖြစ်သည့် ကွယ်လွန်သူ ဦးဘရန်ဆိုင်းသည်လည်း တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်ပြီး မြစ်ကြီးနားဘက်ပတစ်ကျောင်းတွင် ကျောင်းအုပ်မဖြစ်မီက စင်္ကာပူနိုင်ငံရှိ YMCA အသင်း၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်ခဲ့သည်။
ယင်းတို့နှင့် နှိုင်းယှဉ်ကြည့်ပါက ဗိုလ်ချုပ်ကြီးအင်ဘန်လမှာ အခြေခံကျောင်းပညာကို ခြောက်နှစ်မျှသာ ဆည်းပူးခဲ့ပြီးနောက် ဆယ်ကျော်သက်အရွယ်မှစတင်၍ ကေအိုင်အေစစ်သည်တစ်ဦးဖြစ်လာခဲ့သူ ဖြစ်သည်ဟုတွေ့မြင်ရသည်။
အဆိုပါအချက်က သူ၏နောက်ကြောင်းရာဇ၀င်တစ်လျှောက်လုံးမှာ ကေအိုင်အေတပ်မတော်တွင်သာ လုံးလုံးလျားလျားရှိနေခဲ့သည်ကို ပြဆိုနေသည်။
UWSA နှင့် မဟာမိတ်ပြုခြင်းကို ကချင်ပြည်နယ်အတွင်းရှိ လူတိုင်းက နှစ်သက်သဘောကျခြင်းမရှိသည်မှာ အံ့အားသင့်စရာ မဟုတ်ပါ။ွျှ့ဗ ခေါင်းဆောင်ပိုင်းအများအပြားမှာ ရွှေတြိဂံဒေသ၏ တရားမ၀င်မူးယစ်ဆေးကူးသန်းရောင်းဝယ်မှုများတွင် ဆက်နွယ်ပါဝင်မှုများဖြင့် အမေရိကန်တရားရုံးများတွင် စွဲချက်တင်တရားစွဲဆိုခံထားရသည့်အပေါ် များစွာသောကချင်တို့က စိုးရိမ်ပူပန်မှုရှိကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ၀န်ခံပြောကြားခဲ့သည်။
“၀ တွေနဲ့ အပေါင်းအသင်းလုပ်ရင်း ကျွန်တော်တို့တွေလည်း အမည်းစက်တင်လိမ့်မယ်လို့၊ တချို့တွေက စိုးရိမ်ကြတာရှိတယ်”ဟု ဗိုလ်ချုပ်ကြီးအင်ဘန်လက ၀န်ခံပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေသည့် လုံလောက်သောအကြောင်းရင်းခံများကလည်း အမှန်ပင်ရှိနေသည်။ မြန်မာအမည် “စိန်ဝင်း”ဟုခေါ်ဆိုသော၊ ဝေစုကျန်းဆိုသူ တိုင်းရင်းသား တရုတ်လူမျိုးတစ်ဦးသည် FPNCC တွင် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ဟန်ရှိပြီး၊ တရုတ်လုံခြုံရေးတပ်ဖွဲ့က သူနဲ့သာလျှင် အဆက်အသွယ်ပြူလုပ်လေ့ရှိသည်။ ဝေစုကျန်းမှာ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အား မူးယစ်ရာဇာတစ်ဦး အဖြစ်စွပ်စွဲခံထားရသူဖြစ်သည်။
ထို့အပြင် ခရစ်ယာန်တို့ဘက်မှ စိုးရိမ်ကြောင့်ကျသော အခြားအစိတ်အပိုင်းတစ်ရပ်လည်း ရှိပါသေးသည်။ UWSA သည် ဗမာပြည်ကွန်မြူနစ်ပါတီအခြေပြုပေါက်ဖွားလာသော အဖွဲ့အစည်းဖြစ်သည်။ ၀ခေါင်းဆောင်အားလုံးမှာတစ်ချိန်က ဘာသာရေးယုံကြည်မှုများထက် မာ့က်စ်လီနင်အယူဝါဒများကို လမ်းညွှန်ဒဿနအဖြစ်ခံယူသည့် ကွန်မြူနစ်တပ်၏ တပ်မှူးများဖြစ်ခဲ့ကြသည်။ ယနေ့ခေတ် UWSA အဖွဲ့မှာ ကွန်မြူနစ်အဖွဲ့အစည်းတစ်ရပ်မဟုတ်တော့သော်လည်း ဟောင်းနွမ်းနေပြီဖြစ်သော အဆင် တန်ဆာများဆင်ယင်ထားသည် အာဏာရှင်ခေါင်းဆောင်မှုပုံစံကို ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်သည်။
ပြီးခဲ့သည့် လအနည်းငယ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၌ ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားလာခဲ့ရာ များစွာသောကချင်တို့အနေဖြင့် တပ်မတော်၏ထိုးစစ်တိုက်ခိုက်မှုကို တုံ့ပြန်နိုင်ရန် UWSA ၏ထောက်ခံမှုကို တောင်းခံခြင်းမှအပ အခြားရွေးချယ်ရာမရှိတော့ကြောင်း ယုံကြည်လာကြပုံရပေသည်။ အနောက်နိုင်ငံတို့၏စွန့်ပစ်မှုကို ခံကြရပြီဟု များစွာသောကချင်တို့က ထင်မှတ်လာကြပြီး တရုတ်နိုင်ငံသည်သာ ယင်းတို့အတွက် အားထားစရာတစ်ခုတည်းသော ပြည်ပအင်အားတစ်ရပ်ဖြစ်လာခဲသည်။
သို့ရာတွင် တိုင်းရင်းသားအစုအဖွဲ့များစွာတို့အား မျှော်မှန်းထားသည့် ဖက်ဒရယ်ပြည်ထောင်စု တစ်ရပ် ထူထောင်ခြင်းသည် မြန်မာနိုင်ငံ၏ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများအတွက် အပြီးသပ်အဖြေဖြစ်သည်ဆိုခြင်းကို တရုတ်နိုင်ငံက စိတ်ဝင်စားမှုရှိသည်ဟုဆိုနိုင်ရန် အလှမ်းဝေးကွာနေဆဲ ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အခြားသောအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များစွာ ရှိသေးကြောင်းလည်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ၀န်ခံပြောကြားခဲ့သည်။ ယင်းတို့အနက် ဘင်္ဂလားပင်လယ်အော်အတွင်း ဆောင်ရွက်ဆဲဖြစ်သည့် ကျောက်ဖြူဆိပ်ကမ်းစီမံကိန်း မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ်အထိ သွယ်တန်းထားသော ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းလုပ်ငန်းများအအပြင် အာရှတောင်ပိုင်းနှင့် အရှေ့တောင်အာရှဒေသတို့အား ဗျူဟာမြောက် ဆက်သွယ်ထားသော အချက်အချာကို တည်နေရာတွင် တည်ရှိနေသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးချုပ်ကိုင်ထားလိုခြင်း စသည့်တို့လည်း အပါအ၀င်ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ကာလကြာမြင့်စွာ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများမှ ထွက်ပေါ်လာသော သီးခြားစီရပ်တည်နေသည့် နိုင်ငံရေးအဖွဲ့အစည်းများအား မိမိတို့တရုတ်နိုင်ငံမှအပ အခြားမည်သည့် ပြင်ပလူပုဂ္ဂိုလ်အဖွဲ့အစည်းတို့ကမျှ သြဇာလွှမ်းမိုးကိုင်တွယ် ထိန်းကျောင်းနိုင်ခြင်း မရှိကြောင်းပြသသည့် တိုင်းရင်းသား ၀ှက်ဖဲတစ်ချပ်ကို တရုတ်တို့အား မြန်မာအစိုးရနှင့် တပ်မတော်အား ပြသကာ အဆိုပါအကျိုးစီးပွားများကို အားကောင်းလာစေရန် ချဲ့ထွင်လာနိုင်မည်လည်း ဖြစ်သည်။
အချို့ကဲ့သို့သောဆန်းစစ်သူတို့က လက်နက်ကိုင်ပဋိပက္ခများကို မဖြေရှင်းနိုင်ဘဲ အချိန်ကာလကြာမြင့်လာလေတရုတ်နိုင်အတွက် အကျိုးပိုဖြစ်ထွန်းလာဟုပင် ဆိုကြသည်။ စစ်မက်ဖြစ်ပွားခြင်းသည် တရုတ်နိုင်ငံတို့၏ အကျိုးစီးပွား မဟုတ်ပါ။ စစ်မက်ဖြစ်ပွားခြင်းဖြစ် တရုတ်နိုင်ငံတောင်ပိုင်းဒေသတစ်လွားတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေခြင်းနှင့်တရုတ်တို့ ပျူငှာစွာ ကြိုဆိုလက်ခံလိုခြင်းမရှိသော ဒုက္ခသည်များ ၀င်ရောက်လာခြင်းကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။
သို့ရာတွင် မတိုးသာ မဆုတ်သာသော ဗျူဟာမြောက်အခြေအနေ၌ နှစ်ကာလကြာမြင့်စွာ တည်ရှိနေခြင်းဖြင့် ယင်းတို့၏အရေးတွင် တရုတ်နိုင်ငံသည်သာ တစ်ဦးတည်းသောပါဝင်ဆွေးနွေးသူ အဖြစ်သို့ ရောက်ရှိနေစေခြင်းက ဘေဂျင်းအစိုးရ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သောရေရှည် အစီအစဉ်မျိုးစုံတို့ကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း လေ့လာဆန်းစစ်သူတို့က သုံးသပ်ပြောကြားကြသည်။
ကချင်ခေါင်းဆောင်ပိုင်းအတွင်း မကြာသေးမီကပေါ်ပေါက်ခဲ့သော အရွှေ့အပြောင်းများနှင့် FPNCC တွင် ဗိုလ်ချုပ်ကြီးအင်ဘန်လပါဝင်ခဲ့ခြင်းတို့သည် တရုတ်နိုင်ငံအလိုကျအတိုင်း ထပ်တူကျခဲ့ဟန်ရှိသည်။ ဥရောပသမဂ္ဂ၊ နော်ဝေး၊ ဆွစ်ဇာလန်နှင့် အခြားသောနိုင်ငံတို့က ငြိမ်းချမ်းရေးမျှော်မှန်းသည့် အစီအစဉ်များ၌ ငွေကြေးပမာဏများစွာထည့်ဝင်ကူညီရန်ကတိက၀တ်ပြုနေခိုက်တွင် ကေအိုင်အေ၏ အရွှေ့အပြောင်း လှုပ်ရှားမှုက မြန်မာနိုင်ငံတွင် တရုတ်တို့က အနောက်နိုင်ငံတို့အား ပါးနပ်သောပရိယာယ်ဖြင့် အသာစီးရယူထားပြီဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။
Reference: Spurned by West, Myanmar’s Kachin Look to China
(ကချင်အရေးကျွမ်းကျင်သူ) Asia Times, January 24, 2018
ဘာသာပြန်သူ – ရာပြည့်







