ခေတ်သစ် သားတရားစီရင်ခန်း

1531

နှစ်ဆယ့်တစ်ရာစု ပင်လုံညီလာခံလို့အမည်တပ်ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ပြန်စတော့မယ်လို့ ဆိုလိုက်တာနဲ့ တိုက်ပွဲတွေက ရုတ်တရက်ဆိုသလို ပြန်ထလာပါတယ်။ ကချင်ပြည်နယ်ထဲက မြို့နယ်ဆယ်ခုလောက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြတယ်။ ဖြစ်နေကြတယ်။ ဒုက်္ခသည်စခန်းတွေကလည်း မြို့တိုင်းမှာလိုလို အစီအရီပေါ်ထွက်လာတယ်။

နဂိုရှိတဲ့ ဒုက်္ခသည်ဦးရေ တစ်သိန်းကျော်အပြင် ထပ်တိုးလာတဲ့ ဒုက်္ခသည်အများစုက ကချင်တိုင်းရင်းသားတွေဖြစ်လေတော့ မဟော်သဓာဇာတ်တော်ထဲက သားတရားစီရင်ခန်းဆန်ဆန် ဖြစ်လာတယ်လို့ ပြည်သူတွေ ယူဆနေကြပါပြီ။

မဟော်သဓာဇာတ်တော်မှာ သားလေးကိုခိုးယူသွားတဲ့ ဘီလူးမနဲ့ သားအခိုးယူခံရတဲ့ လူသားမိခင်တို့နှစ်ယောက် သူပိုင်ကိုယ်ပိုင်အငြင်းပွားမှုမှာ မဟော်သဓာပညာရှိက ကလေးလုခိုင်းပြီး မိခင်အရင်းကို ဖော်ထုတ်ခဲ့တာကို အားလုံးမှတ်မိကြမှာပါ။ သူတို့နှစ်ယောက်လုတဲ့အချိန် နာကျင်ငိုညည်းနေတဲ့ သားငယ်ကို မကြည့်ရက်တော့တဲ့ လူသားမိခင်က ဘီလူးမလက်ထဲကို အသာတကြည်အလျော့ပေးလိုက်တဲ့ဖြစ်စဉ်ကိုကြည့်ပြီး ဒါက မိခင်အရင်းပဲလို့ မဟော်သဓာက သိရှိဆုံးဖြတ်ခဲ့တာ မဟုတ်လား။ ဘယ်သူ့ကို ဘီလူးနေရာမှာထားပြီး ဘယ်သူ့ကို မိခင်အရင်းနေရာမှာထားတယ်ဆိုတာကတော့ ရှင်းပါတယ်။

ငယ်နိုင်အညှာကိုကိုင်ပြီး လိုချင်တာကို ရအောင်ယူတဲ့နည်းက အကျည်းတန်လှတဲ့ စစ်ပရိယာယ်တစ်ခုပါ။ ဒါဟာ ခိုး၊ ဆိုး၊ လု၊ နှိုက် ဓားပြတိုက်နေခြင်းမဟုတ်ဘဲ နိုင်ငံရေးယုံကြည်ချက်ကို စွဲကိုင်နေခြင်းမျှသာ ဖြစ်ပါတယ်။

တိုက်ပွဲရဲ့ ပရိယာယ်တွေကို အတိအကျမသိပေမယ့် ပြည်သူတွေက အသုံးချခံဖြစ်နေတာကတော့ သေချာပါတယ်။ အသုံးချခံနေရတဲ့ထဲမှာ ရွေးကောက်တင်မြှောက်ခြင်းခံ လူထုကိုယ်စားလှယ် ပုဂ်္ဂိုလ်များလည်း ပါဝင်လာပါတယ်။ သူတို့လည်း ဘာမျှမစွမ်းဆောင်နိုင်ဘဲ ပါးစပ်ထဲကို ထည့်ပေးခံရတဲ့ စကားလုံးတွေလောက်ကလွဲရင် ပြည်သူကိုရော နှစ်ဖက်စစ်တပ်တွေကိုပါ တခြားဘာမှ မပြောရဲပါဘူး။

တနိုင်းနယ်မှာ ပိတ်မိနေတဲ့ ရွာသား ၂၀၀၀ လောက်ကို ကယ်ဖို့အတွက် သူတို့ကို လူထုက တောင်းဆိုနေပေမယ့်လည်း လူထုအော်သံတွေက ဒီဘက်နားထဲကဝင်ပြီး ဟိုဘက်နားက ပြန်ထွက်သွားဟန်တူပါတယ်။ ဘာလှုပ်ရှားမှုမှ ထွက်ပေါ်လာတာမတွေ့ရပါဘူး။

တနိုင်း အောင်လော့ဒ်ဒေသခံတွေ ကိုယ့်အိမ်မှာလည်း ကိုယ်နေလို့မရ၊ ဒုက်္ခသည်စခန်းတွေကိုလည်း မရောက်ဘဲ တောထဲမှာ ထွက်ပေါက်ပိတ်နေတဲ့အခြေအနေမှာ ကူညီ/ကယ်ဆယ်မယ့်သူလည်း မရှိဖြစ်နေတယ်။ ကူကယ်သူမဲ့နေတဲ့ သူတို့တတွေထဲမှာ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဒုက်္ခိတတွေလည်းပါဝင်နေတာကြောင့် ဒီအတိုင်းဆက်နေသွားမယ်ဆိုရင် လက်ရှိရိက်္ခာကုန်တဲ့အခါ အစာရေစာပြတ်လပ်ပြီး အစုလိုက်အပြုံလိုက် ဘုန်းဘုန်းလဲ သေပွဲဝင်ကြရမယ့်ကိန်းပါ။

လောလောဆယ် ငြိမ်းချမ်းရေးဆိုတာကြီးထက် သူတို့လုံခြုံဘေးကင်းရာရောက်ရေးက ပြည်သူတွေရဲ့ဆန်္ဒပါ။

သူတို့တွေကို လူသားချင်း စာနာထောက်ထားမှုစိတ်ဓာတ်နဲ့ ကယ်တင်ဖို့ အားလုံးမှာတာဝန်ရှိနေပါပြီ။ ကိုယ့်အမျိုးမဟုတ်လို့ဆိုပြီး လက်ရှောင်နေခြင်းက အွန်လိုင်းမှာ ဖြန့်နေတဲ့ဝါဒတွေကို ယုံကြည်လွန်းရာကျပါတယ်။ သူတို့ဝါဒဖြန့်သမျှ အယုံမိခဲ့လို့ တိုင်းပြည်ကြီးတစ်ခုလုံး မွဲပြာကျပြီး အစစအရာရာနောက်ကျလှပါပြီ။

အချိန်မီမကယ်တင်နိုင်ခဲ့ရင်တော့ မြန်မာနိုင်ငံရဲ့ သမိုင်းစာမျက်နှာသစ်ဟာ ကမ္ဘာ့အလယ်မှာ မလှမပနဲ့ ကမ္ဗည်းတင်ကျန်ရစ်ခဲ့မှာ အသေအချာပါပဲ။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here