ဇန်နဝါရီ ၊၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မဈေးကြီးမီးလောင်သွားပြီး ဈေးဆိုင်ခန်းပေါင်း ၃ ပုံ၂ ပုံ မီးလောင်သွားတယ်လို့ သိရပါတယ်။
မနေ့က ညနေပိုင်းမှာ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်သွားခဲ့တာ ဖြစ်ပြီး စျေးဆိုင်ခန်းပေါင်း ၁၃၆ ခန်းနဲ့ ပစ္စည်းတန်ဖိုး ကျပ်သိန်း ၃၀၀၀ ကျော်လောက် ဆုံးရှုံးခဲ့ရတယ်လို့ မော်လူးဒေသခံတစ်ဦးက ပြောပါတယ်။
“မီးသတ်တွေကတော့ ငြှိမ်းတော့ လာငြှိမ်းတယ်။ ပြောရမယ်ဆိုရင် သူတို့နောက်ကျမှ ရောက်လာတာပေါ့။ ဒီမော်လူးမှာကြတော့ မီးသတ်ကားနှစ်စီးပဲရှိတယ်။ ငါးမောင်းမှာက စက်ကပျက်နေတယ်၊၊ အလုပ်မလုပ်ဘူး။”လို့ ဆိုပါတယ်။
အမြန်ရှောင်ရှားနိုင်ခဲ့တဲ့အတွက် လူထိခိုက်တာတွေမရှိခဲ့ဘဲ ဆိုင်အတွင်းပစ္စည်းတွေနဲ့ ဆိုင်ခန်းတွေ မီးလောင်တဲ့အထဲ ပါသွားတာဖြစ်တယ်လို့ သိရပါတယ်။
မော်လူးရဲစခန်းကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုအဖွဲ့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ၁၅ ရက်နေ့မှာ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင်လိုက်တဲ့ မြို့ဖြစ်ပါတယ်။







