မြစ်ကြီးနားမှာ လက်နက်ကြီးကျည် ထိမှန်တာကြောင့် အရပ်သား ၃ ဦးသေဆုံး၊ ၈ ဦး ဒဏ်ရာရ

334

 

မေ၊၁၈

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ စစ်ကောင်စီလေတပ်စခန်းအလယ်(ကြား)မှာရှိတဲ့ ပမ္မတီးရပ်ကွက် ဈေးတန်းတစ်လျှောက်ဘက်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို မြစ်ကြီးနားပြည်သူ့ဆေးရုံးကို ပို့ဆောင်ပြီး ပျက်စီးမှုတွေကို ရှင်းလင်းနေတယ်လို့ မြစ်ကြီးနားမြို့၊ပမ္မတီးရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေကိုပဲ ဆေးရုံးမှာ သွားကြည့်နေတုန်း ရှိသေးတယ်။ အစ်ကိုတို့ကြားတာတော့ ကြိမ်။ မြစ်ထဲကို ကြိမ်ကျတယ်။ ဒီဘက်အိမ်တွေမှာ လုံး၊ ကြိမ်ကျတယ်။ လို့ အထက်ပါရပ်မိရပ်ဖက ဆိုပါတယ်။

အဲဒါကြောင့် လက်နက်ကြီးကျတဲ့နေရာကပြည်သူတွေနဲ့ အနီးတစ်ဝိုက်ရှိဒေသခံပြည်သူတွေဟာ အခြားနေရာကို ပြောင်းရွှေ့ဖို့ လုပ်ဆောင်နေကြတယ်လို့လည်း ပမ္မတီးရပ်ကွက်ဒေသခံတွေဆီက သိရပါတယ်။

ဒီကနေ့မေလ ၁၈ ရက်နေ့ မနက် ၈ နာရီလောက်ကစပြီး လက်နက်ကြီးပစ်သံတွေကို ဒေသခံတွေဟာ ကြားခဲ့ရတာလို့ ပမ္မတီးရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့မနက်မှာ KIA က ဒရုန်းနဲ့ဗုံးလာချတဲ့အချိန် စစ်ကောင်စီက ပြန်ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ပမ္မတီးဈေးဘက် ပြည်သူတွေ ထိခိုက်သွားတယ်လို့ ပြောဆိုမှုတွေ ရှိနေပေမဲ့ မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ဒါ့အပြင် ဧရာဝတီမြစ်တစ်ကြောဘက်ကိုလည်း စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်တွေနဲ့ လှမ်းပစ်ခတ်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ နန့်ပေါင်လေတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေဟာ မကြာခဏဆိုသလို ဒရုန်းတွေနဲ့ သွားရောက်ပစ်ခတ်တာတွေ ရှိနေတာပါ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here