မြစ်ကြီးနားမြို့တွင် ဆန္ဒပြသူများကို ကူညီရာတွင် အသုံးပြုသည့် ကားနှစ်စီးအား သိမ်းဆည်း

870

မြစ်ကြီးနား၊မတ် ၁၄

မြစ်ကြီးနားမြို့ တပ်ကုန်းမြောက်၊ အင်ဂျန်ဒုံရပ်ကွက်၌ ဆန္ဒပြသူများကို ကူညီရာတွင် အသုံးပြုသည့် ကားနှစ်စီးကို ရဲနှင့် စစ်သားများက သိမ်းဆည်းသွားကြောင်း သိရသည်။

အဆိုပါကားနှင့်အတူ ငွေ များအပြင် လူများလည်းဖမ်းသိမ်းဆည်းခံခဲ့ရကြောင်း ဆန္ဒပြရာတွင် ကူညီပေးနေသည့်အမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့အဖွဲ့သုံးတဲ့ကားဟုတ်တယ်။ ငွေက ကျဆုံးသွားတဲ့မိသားစုဝင်တွေ၊ ဒဏ်ရာရရှိသူတွေ၊ CDM ဝင်သူတွေကိုလှူမယ့်ငွေ ၅ သိန်းဝန်းကျင်လောက်ပါသွားတယ်။ လူကတော့ နှစ်ယောက်နဲ့အထက်ရှိတယ်။ တိတိကျကျတော့ကျွန်တော်မသိဘူး။ ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

၎င်းတို့အဖွဲ့အနေဖြင့် (၁)လကျော်အတွင်းလှူခဲ့သည့်အလှူငွေမှာ သိန်း (၁၀၀)ကျော်ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here