မြစ်ဆုံရွှေ့ပြောင်းရွာများရှိ မြစ်ကမ်းဘေးတွင် ဒေသခံ၏ ရင်ဖွင့်သံများ ထုတ်ဖော်

645

မတ်လ ၁၄

မြစ်ဆုံဒေသခံများမှ ယနေ့ မတ်လ ၁၄ ရက်နေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းအင်းအိုင်များနေ့ ၌ မြစ်ကမ်းနံဘေးတွင် ဒေသခံများ၏ ရင်ဖွင့်သံများ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ဒေသခံအယောက် တစ်ရာဝန်းကျင်ခန့်ဖြင့် မြစ်ဆုံ ရွှေ့ပြောင်းရွာများဖြစ်သည့် မလိယန် ကျေးရွာနှင့် ခမ်းဘူကျေးရွာ​ကြား ဧရာဝတီ မြစ်ကမ်းနံဘေးတွင် နေ့လည် ၁၂ နာရီမှ နေ့လယ် ၂ နာရီအထိ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မြစ်ဆုံဒေသခံများ အအနေဖြင့် မြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေး၊ ဒေသခံများ၏ စိုးရိမ်မှုများနှင့် စစ်အာရှင် ကျဆုံးရေး စသည်များကို အဓိက ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြစ်ဆုံဒေသခံတစ်ဦးက ယခုကဲ့သို့ပြောသည်။

“ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြစ်ဆုံစီမံကိန်းကြီးကို ထာဝရဖျက်သိမ်းပေးရေးပေါ့နော်။ ပြီးတော့ ဒီဧရာဝတီမြစ် လွတ်လပ်စွာ စီးဆင်းရေး ဒါတွေ အဓိကပေါ့နော်။နောက်ရည်ရွယ်ချက်တစ်ခုကတော့ အခုဖြစ်နေတဲ့ ဒီစစ်အာဏာရှင်ထိန်းချုပ်ရေး​မှာ ဒေသခံတွေရဲ့ စိုးရိမ်မှုတွေနဲ့ ကျဆုံးရေး ေတွပေါ့နော်။ အရင်စစ်အာဏာဖြစ်တုန်းက မြစ်ဆုံကိုရောင်းစားခဲ့တယ်။ အခု နောက်တစ်ကျော့ဒီစစ်အာဏာပြန်ဖြစ်လာတယ်ဆိုတော့ မြစ်ဆုံလည်း ဘယ်လိုဖြစ်လာမလဲပေါ့။ ဒေသခံတွေက စိုးရိမ်မှုတွေ ရှိတာပေါ့ ဘာပဲဖြစ်ဖြစ် တစ်နိုင်ငံလုံးက ပြည်သူတွေရော ဒေသခံတွေရော အားလုံးက ဒီမြစ်ဆုံစီမံကိန်းကြီးကို လုံးဝဆောက်ခွင့်မပေးဘူးဆိုတာတော့ ပြောချင်တယ်။ ဘယ်အစိုးရပဲတက်တက် လက်ခံမှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ် “ဟု ၎င်းကပြောသည်။

မြစ်ဆုံစီမံကိန်းကြီးကို ထာဝရဖျက်သိမ်းရေး ၊ ဧရာဝတီမြစ်ကို ပြည်သူများပိုင်ဆိုင်ရေး ၊ ဧရာဝတီမြစ် လွတ်လပ်စွာ စီးဆင်းရေး၊ ဒေသခံများ မိမိနေရပ်တို့ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာများ ဆောက်လုပ်ခြင်းတားဆီးရေး နှင့် စစ်အာဏာရှင် ကျဆုံးရေးများစသည့် စာသားများ ကြွေးကြော်ခဲ့ကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here