စစ်ကောင်စီရဲ့ ကာကင်းစခန်း ၈ ခုကို တစ်နာရီအတွင်း KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်

182

 

ဇန်နဝါရီ၊၄

ရန်ကုန်- မန္တလေးလမ်းဟောင်း၊ရထားလမ်းနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကာကင်းစခန်း ၈ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်ပြီး တစ်နာရီအတွင်း တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ် လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ရထားလမ်းနဲ့ စစ်ကောင်စီ စခန်းအနီးအနားမှာ လုံခြုံရေးယူထားတဲ့ ကာကင်းစခန်းတွေနဲ့ ရိက္ခာသယ်ယူ ပို့ဆောင်ရေးမှာ အရေးကြီးတဲ့ တံတားတစ်ခုအပါအဝင် ကာကင်းစခန်း ၈ ခုကို KNLA က ဦးဆောင်ပြီး လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့တွေ နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ကညွတ်ကွင်းအနီး တောင်ဂုန်းတဲရွာအနီး ကာကင်းစခန်း ၈ ခု ဖြစ်တဲ့ သံလမ်းတံတားကင်း၊ စာသင်ကျောင်းကင်း၊ ဘုန်းကြီးကျောင်းကင်း၊ နတ်စင်ကင်း၊ အုတ်ဖိုကင်း၊ လင်းယောခင်ရွာကင်း၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းကင်း ၊ ကညွတ်ကွင်း နဲ့ တောကျွဲအင်းကြားက တံတားကင်းစခန်း တံတားကို ဒီနေ့ မနက် ၄ နာရီခွဲကနေ ၅နာရီခွဲအထိ တစ်နာရီကြာမှာပဲ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားပြီးတော့ ထိခိုက်သေဆုံးမှုစာရင်းတွေကိုလည်း စစ်ဆေးအတည်ပြုနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here