ဇန်နဝါရီ၊၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မဇွပ်ယန်အချုပ်ထောင်ကန အကျဉ်းသား(၃)ဦး စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဒီကနေ့ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထမ်းအမှတ်အနေနဲ့ စစ်ကောင်စီက လွှတ်ပေးတဲ့အထဲမှာ မဇွပ်ယန်ထောင်က အကျဉ်းသားသုံးဦး ပါဝင်ခဲ့တာလို့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာသူ သုံးဦးမှာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး မော်ဝမ်းရပ်ကွက်နဲ့ လယ်ပြင်ကျေးရွာတွေက ဖြစ်တယ်လို့ ဆိုပါတယ်။
လွတ်မြောက်လာသူတွေဟာ မဝင်းသီရီဇော် အသက် ၂၅နှစ် ၅၀၅-က ၊ မရွှန်းလဲ့စိုး အသက် ၂၁ နှစ် ၅၀၅-ကနဲ့ မောင် အောင်ပြည့်စိုး အသက် ၂၃ နှစ် (၃၉၅/၁၁၄/၂၀၁)တို့ ဖြစ်တယ်လို့ သိရပါတယ်။
လွတ်မြောက်လာသူတွေကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့မှာ တစ်နိုင်ငံလုံးက အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသူ/သား ၉၆၅၂ ဦးကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဓါတ်ပုံ- ယမန်နှစ်က မဇွပ်ယန်အချုပ်ထောင်မှ အကျဉ်းသားများအား လွှတ်ပေးနေစဉ်။(ပုံဟောင်းဖြစ်ပါသည်)







