မြစ်ကြီးနား၊ မေ ၂၁
ကချင်ပြည်နယ်၊ တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံအမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဗန်းမော်တက္ကသိုလ်အသင်းနှင့် မြစ်ကြီးနားတက်္ကသိုလ်အသင်းတို့က အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။
အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဗန်းမော်တက်္ကသိုလ်မှ ပထမဆုရရှိခဲ့ပြီး အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြစ်ကြီးနားတက်္ကသိုလ်မှ ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို မေလ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြစ်ကြီးနားမြို့၊ မိုးလုံ လေလုံပြည်နယ် အားကစား ကွင်းတွင်ကျင်းပခဲ့ရာ အမျိုးသားပြိုင်ပွဲတွင် ၅ သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ၃ သင်းယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
ထိုပြိုင်ပွဲမှ အမျိုးသားအမျိုးသမီး အကောင်းဆုံးအားကစားသမားများကို ရွေးချယ်ကာ လာမည့်ဇွန်လတွင် မန္တလေးမြို့၌ ကျင်းပမည့် ဇုံနယ်အလိုက် (အထက်မြန်မာပြည်) တက္ကသိုလ်/ ဒီဂရီကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ကချင်ပြည်နယ်ကိုယ်စားပြုအသင်းအနေဖြင့် သွားရောက်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
ထိုပြိုင်ပွဲတွင် ထပ်မံအရွေးချယ်ခံရပါက လာမည့် ဒီဇင်ဘာလ ၁၇ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် အရှေ့တောင်အာရှတက်္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ(AUG)တွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်း(ကချင်မြေ)







