အခြေခံလူထုဖွံ့ဖြိုးရေးအဖွဲ့ကို မြစ်ဆုံအရှေ့ဘက်ခြမ်းရွာများတွင် တိုးချဲ့ဖွဲ့စည်း

1318
Mungchying Rawt Jat

မြစ်ကြီးနား၊ မေ ၂၀

အခြေခံလူထုဖွံ့ဖြိုးရေးအဖွဲ့(MRJ)ကို မြစ်ဆုံအရှေ့ဘက်ခြမ်းရှိ မလိယာန်ကျေးရွာတွင် မေလ ၁၈၊ ၁၉ ရက်က ထပ်မံထိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

MRJ (Mungchying Rawt Jat)အဖွဲ့အသစ်ကို မြစ်ဆုံအရှေ့ဘက်ခြမ်းရှိဒေါင်ပန်၊ ဒွမ်ဂန်နှင့် မလိယာန် ကျေးရွာများမှ လူဦးရေ ၇၀ ခန့် ပါဝင်ကြောင်း သိရသည်။

ကချင်လူမျိုးများ၏ သမိုင်းဝင်ဖြစ်သော မလိအင်မိုင်ဇွပ် မြစ်ကြီးနားမဂျွယ် မြစ်ဆုံဒေသ ထာဝစဉ်တည်ရှိရေးအတွက် ကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားရန် ရည်ရွယ်ချက်ဖြင့်တိုးချဲ့ ဖွဲ့စည်းခြင်းဖြစ်ကြောင်း MRJ အဖွဲ့မှ အထွေထွေအတွင်းရေးမှူး  ဒေါ်ဂျာခေါန်က ပြောသည်။

“မြစ်ဆုံလည်း အခုချိန်ထိမရပ်ဆိုင်းနိုင်သေးဘူး။ ကိုယ့်ရဲ့ဒေသကို ကာကွယ်ဖို့က လိုတဲ့အချိန်ဖြစ်တယ်။ အခုက ငြိမ်နေသလိုတော့ ရှိတယ်။ ဒါကြောင့် ကျွန်မတို့က အင်အားတွေယူရဦးမယ်”ဟု MRJ အဖွဲ့မှ အထွေထွေအတွင်းရေးမှူး  ဒေါ်ဂျာခေါန်က ဆက်ပြောသည်။

ထိုနေ့တွင် တိုင်းရင်းသားရိုးရာဓလေ့ထုံးတမ်း မြေယာဆိုင်ရာများကိုလည်း ဒေသခံရွာသားများ၊ အမျိုးသမီး ကော်မတီများ၊ ကချင်ရိုးရာလူကြီး/လူငယ်များများနှင့် MRJ အဖွဲ့များ ဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်ဟု MRJ လက်ထောက်အတွင်းရေးမှူး ဦးတန်ဂွန်းကပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ရိုးရာဓလေ့ထုံးတမ်းမြေယာ လုပ်ထုံးလုပ်နည်းများ ကျေးရွာဒေသရှိ မြေရာဇ၀င်နှင့် နောက်ခံသမိုင်းဧရိယာပြမြေပုံများ ရေးဆွဲကာကချင်များ၏ သမိုင်းဝင်ပစ္စည်းနှင့် အထင်ကရ တောတောင် ရေမြေအရင်းအမြစ်များကို ရေးသားဖော်ထုတ်ကာ မပျောက်မပျက် ၀ိုင်းဝန်းကာကွယ်ထိန်းသိမ်း သွားကြရန်သဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ထိုနေ့က ကချင်ရိုးရာဓလေ့ထုံးတမ်းမြေယာနှင့် လုပ်ထုံးလုပ်နည်းများကို ကာကွယ်ထိန်းသိမ်းရာတွင် ဦးဆောင်မည့် ကော်မတီများကိုလည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

MRJ အဖွဲ့ကို  ၂၀၁၃ ခုနှစ်၊ အောက်တိုဘလမှ စတင်ဖွဲ့စည်းခဲ့ပြီး အင်ဂျန်းယန်၊ ချီဖွေဒေသများတွင်လည်း ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

လဖိုင်လု

LEAVE A REPLY

Please enter your comment!
Please enter your name here