တနိုင်းရွှေမှော်တစ်ခုကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ အရပ်သားပြည်သူ ၁၀ ဦးခန့် သေဆုံး

107

 

ဇန်နဝါရီ၊၁၁

ဟူးကောင်းဒေသ ၊ တနိုင်းမြို့နယ်အတွင်းက Tsan lun ရွှေမှော်ဒေသတစ်ခုမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၀ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မန္တလေး တံတားဦးလေဆိပ်က တက်လာတဲ့ ဂျက်လေယာဉ်ဟာ ဒီကနေ့ မွန်းလွဲ ၁ နာရီလောက်က ၂ ကြိမ် လာရောက်ကြဲချခဲ့တာဖြစ်ပြီး ကလေးတွေ အပါအဝင် အရပ်သားပြည်သူတွေ သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတဲ့အပြင် ဈေးဆိုင်ခန်း ၉ ခုလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ နီးစပ်သူဆီက သိရပါတယ်။

အရပ်သားတွေရှိရာ ရွှေမှော်ဒေသမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သလို စစ်ကောင်စီဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ ၊ တပ်ရင်း ၁၄ ဒေသဘက်ကိုလည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့နေရာဒေသတစ်ဝိုက်ဟာ လတ်တလော တိုက်ပွဲ ဖြစ်ပွားမှုတွေလည်း မရှိတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းကလည်း မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာက ခရစ်ယာန် ဘုရားကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ဘေးရှောင်အရပ်သားပြည်သူ ထိခိုက်သေဆုံးတာလည်း ရှိခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here