ဖားကန့်မြေစာပိ လူ၁၅ဦး သေဆုံးသူ

1823
phakant မြေစာပုံ

ဖားကန့် ၊ ဇူလိုင် ၁၄

ယနေ့နေ့လည် ၂ နာရီခန့်က ပြိုကျခဲ့သည့် မြေစာပိ သေဆုံးမှုကြောင့် ယခုအချိန်အထိ သေဆုံးသူ ၁၅ ဦးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဖားကန်မြေစာပုံ ပြို ဖားကန်မြေစာပုံ ပြို

ယခုအချိန်တွင် ဒဏ်ရရရှိသူ ၄၆ ဦးအား လုံးခင်းတိုက်နယ်ဆေးရုံတွင် ကုသလျှက် ရှိနေပြီး ဒဏ်ရာစိုးရိမ်ရသူ ၅ ဦးအား ဖားကန့်ဆေးရုံသို့လည်းကောင်း ၉ ဦးအား မြစ်ကြီးနားဆေးရုံသို့လည်းကောင်း လွဲပြောင်းနေကြောင်းလည်း သိရသည်။

“ဈေးဆိုင်ခန်းကလူတွေကို မေးကြည့် ဝုန်းခနဲ ပြိုကျတာပဲလို့ပြောတယ်။ ပြိုကျလို့ရေက ပြန်ရိုက်တာ ဘတ်ဟိုးတောင် ပက်လက်လှန်သွားတယ်” ဟု သင်္ဂဟ လူမှုကူညီရေးအသင်းမှ ကိုအောင်ဇေယျက မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

ယင်းသို့ကမ်းပါးပြိုကျမှုကြောင့် လူ တစ်ရာကျော်မြေစာပုံအောင်တွင် ရောက်သွားနိုင်သည်ဟုလည်း ယင်းလုပ်ကွက်အနီးရှိ လာရောက်ကူညီသူများ၏ ပြောကြားချက်အရ သိရသည်။

“ကမ်းပါးကြီးက ဝုန်းဆိုပြတ်ကျပြီးရိုက်လိုက်တာ။ ရေးထဲပါသွားတာ။ အပေါ်က ဈေးဆိုင်တန်းတွေလည်း ပါတယ်။ တစ်ရာအထက်တော့ရှိလောက်တယ်” ဟုမြေစာပုံပြိုကျရာမှ လွတ်မြောက်လာသူ ဦးတိုးလွင်က မြစ်ကြီးနားသတင်းဂျာနယ်သို့ပြောသည်။

ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု တွင် တောက်ပကြယ် ကုမ္ပဏီ နှင့်င့်မဟာကုမ္ပဏီ၏ ကြားရှိ လုပ်ကွက်မှ ကမ်းပါး ပြိုကျခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင်မပေါ်သည့်အလောင်းများလည်း ရှိနေသေးကြောင်း သိရသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here