ကချင်ပြည်နယ်က ၅ မြို့အပါ မြို့နယ် ၅၅ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုး

1

 

အောက်တိုဘာ၊၁၉

အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်တွေထဲက မြို့နယ် ၅၅ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့် ရက်ပေါင်း(၉၀) ထပ်တိုးကြောင်း လက်ရှိသမ္မတရာထူး ရယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ အုပ်စုက အောက်တိုဘာလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ဆက်လက်ထုတ်ပြန်လာပါတယ်။

ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေကြေညာချက်ကို ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက ထုတ်ပြန်ခဲ့တာပါ။

အဲဒီအချိန်တုန်းက ထုတ်ပြန်ထားတဲ့ မြို့နယ်တွေထဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုက မြို့နယ် ၆၀ ပါဝင်ခဲ့ပါတယ်။

အထက်ပါ မြို့နယ် ၆၀ ထဲမှာ ကချင်ပြည်နယ်အတွင်းက KIO/KIA ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဆော့လော်မြို့နယ်အပြင် ရွှေကူမြို့နယ်လည်း ပါဝင်ပါတယ်။ ရွှေကူမြို့နယ်ကိုတော့ KIA ကအပြည့်အဝထိန်းချုပ်မထားနိုင်ပေမဲ့ အချို့နေရာတွေကိုတော့ သိမ်းပိုက်ထားပါတယ်။

လက်ရှိအချိန်အထိလည်း နှစ်ဖက်တပ် စစ်ရေးအခြေအနေ တင်းမာနေတာလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲက အထက်ပါ မြို့နယ် ၅ မြို့နယ် ပါဝင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေထဲက မြို့နယ် အချို့ပါ ပေါင်းရင် မြို့နယ် ၆၀ ကို အရေးပေါ် အခြေအနေ ကြေညာထားတာလည်း ဖြစ်ပါတယ်။

သို့ပေမဲ့ ချင်းပြည်နယ်အတွင်းက ဖလမ်းနဲ့ တွန်းဇံမြို့နယ်တွေကိုတော့ အမိန့်ကနေ ဖယ်ရှားလိုက်တာကို တွေ့ရပါတယ်။

ဒါ့အပြင် အခု ပြန်လည်ထုတ်ပြန်လာတဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဖော်ပြပါရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ မြို့နယ်တွေထဲက အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တွေ မူလအခြေအနေကို ပြန်လည်ရောက်ရှိခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန် မြို့နယ်၊ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နဲ့ သီပေါမြို့နယ်တို့မှအပ ကျန်မြို့နယ်တွေကတော့ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်အတည်ဖြစ်ကြောင်း ထုတ်ပြန်ထားတာပါ။

ဒါကြောင့် စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ကြေညာခံထားရတဲ့ မြို့နယ် ၅၅ခု ရှိနေဆဲလည်း ဖြစ်ပါတယ်။ ဒီကနေ့က စပြီး ရက်ပေါင်း (၉၀) အထိ အတည်ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် လက်ရှိ ထုတ်ပြန်လိုက်တဲ့ စာထဲမှာတော့ ကြေညာထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေ ပြန်လည်ရောက်ရှိစေဖို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီ အပ်နှင်းလိုက်တာတယ်လို့လည်း ဖော်ပြပါရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဲဒီလုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်တာ ဒါမှမဟုတ် သင့်လျော်တဲ့ စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေတာပြုနိုင်တယ်လို့လည်း ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း အခုလို ရက်ပေါင်း ၉၀ အရေးအပေါ် အခြေအနေ ကြေညာတဲ့အထဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုက ၆၃ မြို့နယ်ပါဝင်ခဲ့ပါတယ်။ အဲဒီအထဲ ကချင်ပြည်နယ်ထဲက အထက်ပါ ၅ မြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here